ခရီးသွားနေစဉ် အသစ်မတင်နိုင်သေးပါ
ဒါကြောင့်....ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ကဗျာလေးနှစ်ပုဒ် ပြန်လည်ခံစားခဲ့ပါတယ်။
အဲဒီအချိန် လွန်ခဲ့တဲ့ (၁၂) နှစ် လောက်က
ကျွန်တော်တို့ ရင်ထဲမှာ ကာရန်ကဗျာလေးတွေ လွှမ်းမိုးခံရတုန်းပါဘဲဗျာ။
ခရီးသွားနေစဉ် ။
ဂန္ထ၀င် ကဗျာလေးနှစ်ပုဒ်နဲ့ နှုတ်ဆက်ခဲ့ပါတယ် ငါ့အိမ်လေးရယ်
““ထာဝရ””
ငယ်အလှဆိုတာ
တကယ်ဘ၀ မဟုတ်သေးပါဘူး
အလှတွေ ဝေဆာလို့
ဘ၀နေ အခြေရာကို မေ့ပြီး
မာနကို ကြေငြာလိုက်ပါနဲ့ ကလေးရယ်။
အတွေးမမှားဘဲ
ဝန်းကျင်ကို အလေးထားဘို့ရာ
မေတ္တာသဘောနဲ့
ချစ်စွာသော ကလေးကို
အရေးလေးပြပြီး
ဆေးလေးတစ်ခွက် မျှတာပါ။
ကိုယ့်အတွက်တော့
ဒေါသပဲ ကြီးကြီး
မာနပဲ ကြီးကြီး
အသီးသီးသော အပြစ်တွေပယ်
အချစ်တွေဆယ်ပြီး
တကယ်မငြီးနိုင်တဲ့ အဖြစ်
အချစ်အချစ် ထာဝရ ချစ်နေမှာပါကွယ်။
““ဘ၀ရထား””
တချုန်းချုန်းခုတ်အပြင်း
ဒီရထားတစ်စင်းပေါ်
စီးနင်းလိုက်ပါရင်း
ငြိမ့်ငြောင်းခြင်း အရသာ
ခဏမကြာ တွေ့ထိ
အလေ့ရှိသည် အဟုတ်ကြံ
ဒုက္ခံတွေလည်း ရှိခဲ့ပေါ့။
ပြုသမျှ နုယ
ယခုလှတာ အတိတ်ကောင်း
ပြုသမျှဟာ အနာဂတ်မှာပေါင်း
ကောင်းမကောင်း အကြောင်းရဲ့  စီမံချက်ပေါ့။
ဒီရထား
အမည်စကားတစ်ခုရဲ့  ဘဝ
လှလှဆိုးဆိုး
အမျိုးမျိုးမတွေး
တရေးရေး ပြေးဆွဲ
ဘယ်မလဲ ဘူတာ
လူတကာ သိရင်တော့။
Subscribe to:
Post Comments (Atom)
1 ဝေဖန်ချက်:
်ရင်ထဲမှာ ကာရန်ကဗျာလေးတွေ လွှမ်းမိုးခံရတုန်းပါဘဲဗျာ။---တဲ့လား။
ရင့်ကျက်မလာလို့လား မသိဘူး။
်ကာရန်ကဗျာလေးတွေ အခုထိ လွှမ်းမိုးခံချင်နေတုန်းပါဘဲ။
ကာရန်မရှိ တုံးတိတိ-ထင်တုံးပါပဲ။
Post a Comment