On Friday, September 4, 2009 1 ဝေဖန်ချက်

ဒဏ္ဍာရီထဲက ချစ်သူတွေက
ငါတို့လောက် ချစ်ချင်မှ ချစ်ကြမှာပါ
လူလစ်တိုင်း “ချစ်တယ်”လို့ ဖုန်းထဲကနေ နင် ခိုးခိုးပြောတတ်နေပြီ
လေညှင်းသဲ့သဲ့ တိုက်သံကြားတိုင်း နင့်အသံလို့ ငါ ထင်တတ်နေပြီ
ဘယ်လောက် ဝေးနေရဦးမှာလဲ
တွေးလိုက်တိုင်း နစ်နေအောင် ပြုတ်ပြုတ်ကျသွားတဲ့စိတ်
ဟိုးအဝေးဆုံးသို့ လွင့်မြောသွားတဲ့ ၀ိညာဉ်များ
နင်နဲ့ ငါနဲ့ ကြားမှာ ပင်လယ်တွေ တောအုပ်တွေ အများကြီး ခြားနေတုန်း
မိုးကုတ်စက်ဝိုင်း အနားသတ်နားက တိမ်မိသားစုလေးအောက်မှာ နင် ထိုင်ငေးနေသလား။

၂။ ကောင်းကောင်းနေနော်လို့ နင် မှာလွှတ်လိုက်တယ်
နင့် အင်္ကျီ အသစ်စက်စက်လေးကို ငါ တစ်ယောက်တည်း ၀တ်ဖို့
သော့ခတ် သိမ်းဆည်း ထားပေးပါ။

၃။ သိပ်ချစ်တဲ့ အကြောင်းလေးတွေ
လေညှင်းနဲ့ အတူ သယ်ဆောင်လာခဲ့မယ်ဆိုရင်
ငါ့ နှာခေါင်းနဲ့ သင့်တော်ပါ့မလား
အခု အောက်ဆီဂျင် မလတ်မဆတ်တွေ ရှူနေရတယ်
အဝေးဆုံးသို့ ထွက်ခွါခဲ့ရသူ
အဝေးဆုံးသို့ ပြန်လာချင်လှပြီ
မင်းရဲ့အနီးမှာ။

၎။ တစ်နေ့ ပြန်လာခဲ့မှာပါ
လေယဉ်စီးတဲ့ ငှက်တစ်ကောင်လို

၅။ ခံစားရတာလည်း ရူးချင်စော်နံတယ်
လွမ်းရတဲ့ နေ့တွေ ညတွေ အကြောင်းပြောဖို့
မင်းနားရွက်လေး အဆင့်သင့် ဖြစ်နေလား
သီချင်းလေးရေ လမ်းကြုံရင် ၀င်ပြောပေးပါ။

1 ဝေဖန်ချက်:

စာချစ်သူ said...

ဆရာ့ကဗျာလေးတွေက အရမ်းကောင်းတာပဲ။
အမြဲတန်း သစ်လွင်နေတာပဲနော်။ ဒီထက်မက ရေးနိုင်ပါစေ...