ဝေဒနာ အလွမ်းတွေ ထွေးပိုက် စိတ်ကူးယဉ် အိပ်မက်တွေကိုပဲ နမ်းရှိုက်လို့
အတူနေခွင့်မရှိတဲ့ ဘ၀ တစ်ခြမ်းပဲ့ ပန်းဗေဒါ
နှလုံးသား၊ ဆာလောင်၊ မျိုသိပ်၊ တိတ်တိတ်ကွဲ ကြေ
မှန်အစအနများကြားမှာ မြင်နေရတဲ့ မျက်နှာတစ်ခြမ်း
အထီးကျန်နေ့ရက်တွေကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်ခဲ့ရတယ်
ချစ်ကြောင်း လွမ်းကြောင်း ဂရုတစိုက်ရှိလိုကြောင်း ပြောဖို့ အသံဆာ နှုတ်ခမ်းတစ်စုံ
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment