ညီမလေး မင်းက အဖြူရောင် သံစဉ်နုနု ထွတ်ထွတ်
ငါကတော့ အကြမ်းပရမ်း ချစ်မိသွားခဲ့တယ်။
မင်းက ယုန်ဖြူမလေး
ငါကတော့ မုဆိုးအရိုင်းအစိုင်း။
အဖြူရောင် သံစဉ်မလေးရေ...
မင်း နေကောင်းရဲ့ မဟုတ်လား
အချစ်ဆိုတာ အနီးရောင်ရင့်ရင့် သွေးစက်များ
အချစ်ဆိုတာ ပေါက်ကွဲ ကြမ်းရှ အပေအတေ
အချစ်ဆိုတာ ရင်ခုန် လှိုက်မော ကြည်အေးသာယာ
အချစ်ဆိုတာ ဆွဲငင် ပူးကပ် ဓာတ်လိုက် လွမ်းငွေ့တဝေေ၀
အချစ်ဆိုတာ မင်း မျက်နှာ ဖြူဖြူလေးကို ငါ လွမ်းနေရတယ်။
မင်း ငါ့ကို မချစ်ပါနဲ့၊ ငါ မင်းကို ချစ်ပါ့မယ်
အရေးကြီးတာက
မင်းမျက်နှာ အဖြူအစင် သန့်သန့်လေးကို
ငါ့ နှာခေါင်းကြမ်းကြမ်း နဲ့ မထိဘို့ ပါပဲ
ဘာကြောင့်ဆို ငါ့နှာခေါင်းထက် ငါ့ဘ၀က ပိုကြမ်းလွန်းလှတယ်
မင်း စကားသံစဉ် မင်းစာလုံးသံစဉ် လေးဟာ
လေပြေလေအေးအောက်က သီချင်းလေးတစ်ပုဒ်
မင်းအသံ မင်းအလှ မင်းစာသား ချိုလွင်တယ်
အဖြူရောင်လေးရေ...
ဖြူစင်နိုင်သမျှ ဖြူစင်ပြီး၊ ချိုလွင်နိုင်သမျှ ချိုလွင် နေပါစေ။
ညီမလေးရေ...

0 ဝေဖန်ချက်:
Post a Comment