နေ၀င်နေပြီ
ပြတင်းပေါက်နဲ့ ပလက်ဖောင်းတွေပေါ်မှာ
မပြီးမစီးသေးတဲ့ တိုက်ခန်းအိမ်ကြီးရဲ့ ထက်ဝန်းကျင်
ကျီးတွေက တ အ..အ
ဒီညနေ ပိုပြီး ခံစားရခက်နေသလိုဘဲ
ငှက်မြီးတွေက တ၀ဲဝဲ
အထီးကျန်တဲ့ ငါ့ဘ၀က ရှည်လျား
အိပ်တန်းဝင်ဖို့ အိမ်မပြန်ချင်ဘူး
အလွမ်း အလိုမကျမှုနဲ့ ဂျင်ပေါက်သလို လည်နေတဲ့စိတ်က
ငါ့ ဦးနှောက်အာရုံကြော တည့်တည့် ကျောက်ချနေလေရဲ့။
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment