မြန်မြန်ရိုက် မြန်မြန်တင်
မြန်မြန်ချက် မြန်မြန် call
မံဘာ ရိုးရိုး မနိုင်ဝန် အင်တာနက် အသုံးစရိတ်
သူငယ်ချင်းရေ
မင်းနဲ့ ငါနဲ့ တောင်ပံတွေ တတ်ဆင်ပုံချင်း မတူညီဘူး
ဘန်ကောက်မှာ ဘာအလုပ်ရှိသလဲ
နယူးယောက်ကို မျက်စောင်းထိုးနေတယ်
မအားတဲ့ အခါ စက်မကောင်းဘူးလို့ပြောလိုက်တယ်။
ဘ၀မှာ ကွန်နရှင်း အမြဲတမ်းကျနေခဲ့
နင်ကော ဘာတွေလုပ်နေလဲ
လှနိုင်သလောက် အစွမ်းကုန် လှနေပါစေ
ပိုက်ဆံချေးမယ် ထင်ပြီး အသံတုန်မသွားပါနဲ့
အလကား စတာပါ ခွန်အားကို ဆွဲဆန့်နို်င်သမျှ ဆွဲဆန့်ထားတယ်
ငါတို့ လေ့ကျင့်ခန်းထဲက မကြာခင် ထွက်ရတော့မလား
နေမ၀င်ခင် လထွက်လာမှာ ကြောက်တယ်
ညရဲ့ အလှကို လွတ်လွတ်လပ်လပ် ခံစားချင်သေးရဲ့
ငါတို့ နောက်တစ်ခါ ထပ်တွေ့နိုင်မှာပါ။
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment