On Thursday, May 7, 2009 1 ဝေဖန်ချက်

ရွှေတိဂုံဘုရားကို သွားဖို့
လူတွေ ကားတွေ
မြေနီကုန်းမှာ
အသည်းအသန် မီးပွိုင့်မိခံခဲ့ကြရတယ်။

““ကဆုန်လပြည့် ဗုဒ္ဓနေ့””
ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း
ဂေါတမ ဗုဒ္ဓ
ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်ခံယူ၊
ဖွားမြင်၊ ဘုရားဖြစ်၊ ပရိနိဗ္ဗာန်စံဝင်ခဲ့တာ
ဒီနေ့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ညောင်ရေသွန်းကြတယ်။
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊
မဲဇာရပ်သူ၊ တောင်းဆုယူသည်”
ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့။

1 ဝေဖန်ချက်:

Unknown said...

မထူးသော်လည်း အမြဲထူးခြားနေတဲ့ သတင်းထူးပေါ့