On Thursday, February 19, 2009 0 ဝေဖန်ချက်

မညီမညာ ခုန်ပျံကျော်လွှား သံစဉ်များ
ရှင်လျှက်သေ အစိမ်းကြွေ ရင်ခုန်လှုပ်လည်နှုံး
ရ သလိုရေး အခွင့်သင့်သလို တင်ပြဖို့
ဘလော့လေးတောင် post အသစ် မတင်တတ်သူ။
နုံတယ်၊ ကျွန်တော် တော်တော်ကို အ ပါသေးတယ် ကဗျာဆရာ ကိုဆူးရင့်ရေ..။
“အ သေးတယ်၊ မ အနဲ့” သည်စကား မှာကြားလို့ ထွက်ခွါသွားခဲ့ဖူးသော ဆရာတစ်ဆူ
ဆောင်းနှောင်းရာသီ အညာနေ့လယ် စပ်ဖျင်းဖျင်း
အစ အဆုံး ရေးပီးကာမှ post မတင်မီ ပျောက်ဆုံးသွားရတဲ့ ကဗျာတစ်ပုဒ်
မကျေနပ် ကီးဘုတ်သံ ခပ်ပြင်းပြင်း
ရေပတ်တိုက်ရန် ရေပြတ်ခိုက် ကြုံနေသည့် ကျောပြင်မွဲမွဲ
ကဗျာလေးတစ်ပုဒ် တင်ဖို့ သည်လောက် အ တဲ့ ငါ ငနဲ
နေနဲ့သာ ပြိုင်ပြီး စိတ်တိုလိုက်ပေတော့ ။

(ကျွန်တော်လို လူအတစ်ယောက်ကို ဘလော့ ဖွင့်ပေးခဲ့တဲ့ ကဗျာဆရာကိုဆူးရင့်ကို
ကျေးဇူးတင်စွာဖြင့် ဒီကဗျာကို စပ်ဆိုပါသည်။)

သာရလင်း

0 ဝေဖန်ချက်: