On Thursday, March 19, 2009 1 ဝေဖန်ချက်

ကဗျာမဖြစ်သေးတဲ့ ကဗျာတွေ
ရင်ခုန် လှုပ်လည် စိတ်ညစ် အတွေးသေ
ကဗျာတူးဖို့ ပေါက်ပြားကောင်းတစ်လက် လိုနေတယ်။
ဂိမ်းဆော့ ချက်တင်ထိုင် မေးပို့သူများ အလုပ်သွား အလုပ်ပြန်များ
လူတွန်သံတွေ အားကျဖွယ် ကြားနေရ
လူတွေအများကြီးကြားမှာ တစ်ယောက်တည်းဖြစ်နေခဲ့
အထီးကျန်ခြင်းဆိုတာ အသက်ရှူရင်း သေနေရသလို
ပျင်းတယ် အထီးကျန်တယ် ရင်ခုန်တယ်
အထီးကျန်တယ် ပျင်းတယ် ရင်ခုန်တယ်
ရင်ခုန်တယ် ပျင်းတယ် အထီးကျန်တယ်
စိတ်တူး ပေါက်ပြား တစ်လက်နဲ့
စိတ်တစ်လက်လုံး ပြားချပ်နေတာကို မြင်ရတယ်။
ရင်ဘတ်တစ်ခုလုံး အုံးအုံးထနေတာ
ရင်ခုန်တာ မဟုတ်လို့ ဘာပြောချင်သေးလဲ
ကဗျာတူးပေါက်ပြားကောင်း တစ်လက်ရဖို့
စိတ်ရိုးလေးတစ်ချောင်း ရှာရပြန်ရော
ငါ့စိတ်ထံ ကမ္ဘာကြီးတွေ ပြေးလာနေကြတယ်။


သာရလင်း

1 ဝေဖန်ချက်:

ဝှိုက်ဝှိုက် said...

ဝှိုက်အိမ်လေးလှတယ်တဲ့ ဟေ့ ဟေ့ ပျော်စရာကြီးအဲ့လိုပြောတာ
အကို့အိမ်လည်းလှပါတယ် အဆင်းရော အချင်းပါလှတယ်
white.mgk@gmail.com ကိုအပ်ပေးပါလား ... ကျေးဇူးပြုပြီးတော့ ကျေးဇူးပါပဲနော်