ရထားတစ်စင်း
ကမ္ဘာမြေပေါ်မှာ ခပ်ပျင်းပျင်း မောင်းနှင်နေလေရဲ့
ဥသြဆွဲသံကိုက ဥသြသံလိုလို
စိတ်တစ်ခုလုံး နှေးကွေးလေးလံ
ကမ္ဘာကြီးက တစ်ခါတစ်လေမှာ လွမ်းစရာပါ သူငယ်ချင်းရယ်။
နွေးဦး လေရူး ဖုန်မှုန့်တွေက တလူလူ
နွေကျွန်းတစ်လျောက် မြေလူးတော့မည့် သစ်ရွက်ဟောင်းများ
သစ်ရွက်တွေ ဝေဖို့ သစ်ရွက်တွေ ကြွေပေးရတယ်
ရထားကြီးရပ်ဖို့ ရထားကြီးပြေးနေရတာလား
ဘယ်မလဲ ဘူတာ
Subscribe to:
Post Comments (Atom)
1 ဝေဖန်ချက်:
သစ်ရွက်တွေ ဝေဖို့ သစ်ရွက်တွေ ကြွေပေးရတယ်...။
မှန်လိုက်တာ။
တကြောင်းတည်းပေမယ့် အနှစ်ရှိပါ့ :D cheer!
Post a Comment