အခွံတွေတောင် မကျန်ခဲ့သလို
အိပ်မက်ထဲမှာလည်း ခဏခဏ သေ
ဘယ်သူနဲ့မှ မဆိုင်သလို
ဖိနပ်အသံတွေ အများကြီးကြားမှာ အသံမမြည်အောင် လျှောက်မိ
ပင်လယ်တွေ အထပ်အထပ် ရေအသေတွေ စီးဝင်
အိတ်အပေါက်ထဲမှာ ထည့်မိတဲ့ ဖားတွေ လက်နှိုက်တိုင်း ပါမလာ
ငယ်ငယ်တုန်းကလို ကျောက်သင်ပုန်းနဲ့ ကျောက်တံ ရှိရုံ ပြည့်စုံချင်
အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ နိုင်ငံတွေ အရပ်တွေသာ ခြားနားခံလိုက်ရ
ဝေးနေရခြင်းက ကြယ်ကြွေညလို အလွမ်းတွေ တဖွားဖွား
အလွမ်းတွေ တဖွားဖွား ဝေးနေရခြင်းက ကြယ်ကြွေညလို
ဝေးရခြင်းကကြွေ အလွမ်းတွေ တဖွားဖွားနေ ညနေကြယ်လို
ညနေကအလွမ်းတွေလို တဖွားဖွားကြွေ ဝေးနေရခြင်း
0 ဝေဖန်ချက်:
Post a Comment