On Sunday, December 4, 2011 0 ဝေဖန်ချက်




အချိန်တွေသာ ကုန်လာခဲ့

အခွံတွေတောင် မကျန်ခဲ့သလို

အိပ်မက်ထဲမှာလည်း ခဏခဏ သေ

ဘယ်သူနဲ့မှ မဆိုင်သလို

ဖိနပ်အသံတွေ အများကြီးကြားမှာ အသံမမြည်အောင် လျှောက်မိ

ပင်လယ်တွေ အထပ်အထပ် ရေအသေတွေ စီးဝင်

အိတ်အပေါက်ထဲမှာ ထည့်မိတဲ့ ဖားတွေ လက်နှိုက်တိုင်း ပါမလာ

ငယ်ငယ်တုန်းကလို ကျောက်သင်ပုန်းနဲ့ ကျောက်တံ ရှိရုံ ပြည့်စုံချင်

အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ နိုင်ငံတွေ အရပ်တွေသာ ခြားနားခံလိုက်ရ

ဝေးနေရခြင်းက ကြယ်ကြွေညလို အလွမ်းတွေ တဖွားဖွား

အလွမ်းတွေ တဖွားဖွား ဝေးနေရခြင်းက ကြယ်ကြွေညလို

ဝေးရခြင်းကကြွေ အလွမ်းတွေ တဖွားဖွားနေ ညနေကြယ်လို

ညနေကအလွမ်းတွေလို တဖွားဖွားကြွေ ဝေးနေရခြင်း

On Saturday, November 12, 2011 0 ဝေဖန်ချက်


လူအများနဲ့ နေရတာလည်း မလွယ်
လူအ များနဲ့ နေရတာလည်း မလွယ်
လူများ အ နေရတာလည်း မလွယ်

နေရတာလည်း လူအများနဲ့ မလွယ်
နေရတာလည်း လူအ များနဲ့မလွယ်
အ နေရတာလည်း လူများနဲ့ မလွယ်

လူနဲ့ အများ နေရတာလည်း မလွယ်
အများနဲ့ လူ နေရတာလည်း မလွယ်

အလွယ်နေမရတာလည်း လူများနဲ့
မရလည်း လူများနဲ့ အလွယ်တာနေ

On Sunday, October 9, 2011 0 ဝေဖန်ချက်

နင်ဟာ နင်လို

အလှတရားဟာ အလှတရားလို

ပန်းကလေးတစ်ပွင့်ဟာ ပန်းကလေးတစ်ပွင့်လို

လှပနေစေချင်တယ်

ခြွေနမ်းဖို့ မစဉ်းစားရဲဘူး။

မြစ်တစ်စင်းဟာ မြစ်တစ်စင်းလှို

တောင်တန်းဟာ တောင်တန်းလို

ကောက်ကွေ့နေစေချင်တယ်

သုံးဖို့ စားဖို့ စဉ်းစားရင်း အလှတရားတွေ ပျက်သွားခဲ့ရင်

ယောကျာ်းဟာ ယောကျာ်းလို

မာယာတွေကို အစွမ်းကုန် ဇက်ကြိုးထိမ်းသင့်တယ်။

အသံတွေရှိတဲ့ နေရာမှာ ငါ့နားရွက်တွေ မပျော်မွေ့နိုင်ခဲ့တဲ့

နေ့တွေ ရက်တွေ

မင်းငြင်းပယ်တဲ့ အသံဟာ နှင်းဆီနီနှစ်လွှာရဲ့ ရိုက်ခတ်သံလို

လှပတဲ့ အရသာကို ငါ တွေ့ရှိခဲ့တယ်။



(ဧရာဝတီသို့ ရည်ရွယ်ပါသည်)

On Sunday, September 18, 2011 1 ဝေဖန်ချက်

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
အလုပ်ထဲမှာ အိမ်ကိုပြန်ဖို့ သတိရတယ်
နေရောင်တွေ လင်းလက်နေတဲ့ လမ်းမတစ်လျှောက်
နေကြာပန်းလောက် သတ္တိမရှိတာလည်း သိပ် အထာမကျဘူး
နေပူတယ်၊ လေ ဆာတယ်၊ အလုပ်တွေက အခန်းထဲမှာ အမှိုက်တွေလို ရှုပ်လာတယ်
ဘယ်နှစ်ရာသီ ထိုင်စောင့်နေရမလဲ
future အစီအစဉ်မှာ နှင်းလို အိစက် ညက်ညောပြီး ဖွေးဖွေးဖြူ ငြိမ့်ငြောင်း ရိုးသားဖို့
မီးတောက်ထဲမှာ ရေလို ကူးနေရတယ်
ကျောပိုးအိတ်ကို လွယ်တယ်၊ အဝေးကိုထွက်ခဲ့တယ်၊ နှုတ်ဆက်ခြင်းတွေ လုံလုံလောက်လောက် ထည့်လာခဲ့တယ်
အပြန်လမ်းကို မြင်ယောင်မိတိုင်း မပြည့်စုံခြင်း ရောဂါ ဒီဂရီတိုးတယ်
ဘယ်သူမှ မပိတ်ပဲ ကိုယ့်စိတ်ကိုယ် သော့ခတ်မိတယ်။

On Monday, January 3, 2011 1 ဝေဖန်ချက်

ကဗျာ အသစ် မရေးနိုင်ဘူး
ဝေဒနာ မလတ်မဆတ်
happy new year ( ၂၀၁၁) အရောက်မှာ
အသက်နည်းနည်း ထပ်ပြီးကြီးလာတာကို
အသစ်အသက်/အသက်အသစ် ပေါ်ထွန်းဖြစ်ပေါ်လာခြင်းလို့ ဆိုချင်သလား / ဆိုမလား
ပေသီးခေါက်နေတဲ့ ဦးခေါင်း
ဘန်ကောက်မြို့လည်း ငါနဲ့အတူ လေတယ်။
အသစ်အလုပ်/အလုပ်အသစ် တစ်ခုပြီးတစ်ခု လိုက်ရှာရင်း
မြို့နယ်တွေလည်း ငါနဲ့အတူ ကားမူးနေကြပြီလား
မောင်း လျောက်..လား/မူးပြီ..လား
အတိအကျ အကြောင်းကြားစာ ရောက်မလာသေးတဲ့
ငါနဲ့ ညီမလေးရဲ့ ရှေ့အရေး...
အသစ်/အသစ်တွေ အကြောင်း တွေးလိုက်တိုင်း
အဟောင်း /အဟောင်းတွေကိုပဲ သတိရတယ်။