On Sunday, September 18, 2011 1 ဝေဖန်ချက်

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
အလုပ်ထဲမှာ အိမ်ကိုပြန်ဖို့ သတိရတယ်
နေရောင်တွေ လင်းလက်နေတဲ့ လမ်းမတစ်လျှောက်
နေကြာပန်းလောက် သတ္တိမရှိတာလည်း သိပ် အထာမကျဘူး
နေပူတယ်၊ လေ ဆာတယ်၊ အလုပ်တွေက အခန်းထဲမှာ အမှိုက်တွေလို ရှုပ်လာတယ်
ဘယ်နှစ်ရာသီ ထိုင်စောင့်နေရမလဲ
future အစီအစဉ်မှာ နှင်းလို အိစက် ညက်ညောပြီး ဖွေးဖွေးဖြူ ငြိမ့်ငြောင်း ရိုးသားဖို့
မီးတောက်ထဲမှာ ရေလို ကူးနေရတယ်
ကျောပိုးအိတ်ကို လွယ်တယ်၊ အဝေးကိုထွက်ခဲ့တယ်၊ နှုတ်ဆက်ခြင်းတွေ လုံလုံလောက်လောက် ထည့်လာခဲ့တယ်
အပြန်လမ်းကို မြင်ယောင်မိတိုင်း မပြည့်စုံခြင်း ရောဂါ ဒီဂရီတိုးတယ်
ဘယ်သူမှ မပိတ်ပဲ ကိုယ့်စိတ်ကိုယ် သော့ခတ်မိတယ်။

1 ဝေဖန်ချက်:

စံပယ်ချို said...

အပြန်လမ်းကို မြင်ယောင်မိတိုင်း မပြည့်စုံခြင်း ရောဂါ ဒီဂရီတိုးတယ်
ဘယ်သူမှ မပိတ်ပဲ ကိုယ့်စိတ်ကိုယ် သော့ခတ်မိတယ်။
အဖြစ်တွေတူနေပြီ