ကဗျာရေးဖို့ ကြိုစားကြည့်မိတယ်
စိတ်က ရင်ဘတ်တစ်လုံးကို ၀ါးမျို ထားခဲ့
ဆူဝေ တိတ်ရှ အသားတဆတ်ဆတ်တုန်
ငါ ငိုနေတာတော့ မဟုတ်ဘူး
စာပေစိစစ်ရေး
စာမူ ခွင့်ပြုချက် နံပါတ်အတု
မတင်ကို မတင်ထားရသေးတဲ့ မျက်နှာဖုံး ခွင့်ပြုချက် နံပါတ်
အတု အစစ် ခွဲမရတဲ့ စာအုပ် တစ်အုပ်
တကယ်တော့ အနုပညာကို ထုဆစ်ကြည့် မိတာပါ
တကယ်က ရင်ဘတ်ကို ထုဆစ်ခံလိုက်ရတယ်
ကဗျာမဆန်တဲ့ လူ့ယဉ်ကျေးမှု
ကဗျာမဆန်တဲ့ အတွေ့အကြုံ
မိုးရွာတယ် ရေအေးတယ် လေအေးတယ် စိတ်ပူတယ်
ခံစားမှုက ခံစားမှု နေရာမှာ အေးအေး မခံစားဘူး
လောင်စားကွင်းထဲ စိညစ်တမ်း ကစားနေလေရဲ့
စာပေစိစစ်ရေးမှ အပြန်တွင်
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment