On Saturday, July 11, 2009 0 ဝေဖန်ချက်

“ရာဇ၀င်သွန်းဖူးတဲ့ ကျေးလက်ရဲ့ ယဉ်ကျေးမှု ”
ကျွန်တော့် လုံးချင်းဝတ္ထု စာအုပ်ကို ထွက်ရှိပြီး
၆ ရက်လောက် အရောက်မှာ မြေနီကုန်းကို ရောက်ခဲ့ပါတယ်
မြေနီကုန်း မိတ်ဆွေတစ်ဦးဖြစ်တဲ့ စာဖတ်သူ ပုဂ္ဂုလ်ကြီးက ပြောပါတယ်...
“ကိုသာရဲ့ ၀တ္ထုက ရာဇ၀င်တွေ အချက်အလက် တွေ
အရမ်းကောင်းတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ကောင်မလေး
မပေးစားတာ စိတ်ထဲမှာ တစ်မျိုးကြီး ကျန်ခဲ့တယ်”

(စိတ်ထဲမှ ကြိတ်ကာ သဘောကျမိ၏။ အဲလို တစ်မျိုးကြီးမှ တစ်ယောက်တစ်လေမှ ဖြစ်ကြပါ့မလားလို့
ဒီတစ်ယောက်လောက်ဆို ရေးရကျိုးနပ်ပါပြီ။) သာရလင်း

0 ဝေဖန်ချက်: