ပြတင်းပေါက်ကလေးက ဟတတ ပွင့်လို့
အုံဆိုင်း မှောင်မိုက်နေတဲ့ မိုးသားများအတွင်း
အဆုံးမရှိတဲ့ အလွမ်းများကို မြင်တွေ့လိုက်ရတယ်
အလွမ်းပင်လယ်မှာ အခိုးအငွေ့တွေ တလူလူ
အသံနက်ကြီးဖြင့် ရွာသွန်းနေတဲ့ မိုးပေါက်များက
ပိတ်ထားတဲ့ တံခါးပေါက်တွေ ကြားကနေ အတင်းတိုးဝင်
မလာကြနဲ့။
အခုမှတော့ မလာကြနဲ့။
မထူးတော့ဘူး လွမ်းလက်စနဲ့ ဆက်လွမ်းမယ်
စာအုပ်ကလေးတွေက တစ်ပုံ
ငါက တစ်ကောင်
အလွမ်းတွင်းနက်ထဲ ပိတ်လှောင်ခံနေရ
အပြင်မှာ မိုးရွာနေတယ် ညီမလေးနဲ့ အတူတူ အိပ်နေရရင် ဘယ်လောက်ကောင်းမလဲ
အဲဒီ စိတ်ကူးယဉ် လှလှလေးက စိတ်ထဲကို အတင်းတိုးဝင်နေလေရဲ့ .........။
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment