5, 7. 2009 မှာ
ကျွန်တော့်ရဲ့ ဒုတိယမြောက် စာအုပ် ထွက်နိုင်ခဲ့ပါတယ် ။
(တတိယ မြောက်လို့လည်း ပြောလို့ရပါတယ်)
ဒီစာအုပ် လေးဟာ ကျွန်တော် ချစ်တဲ့ မန်ကျည်းတုံရွာလေးကို
ရည်ရွယ်ပါတယ်။
ကျွန်တော်ချစ်တဲ့........................
..................................................
ရည်ရွယ် ပါတယ် ။
စာပေကို ချစ်မြတ်နိုးပြီး
နီးစပ်ရာ သူငယ်ချင်းတွေကို ကိုယ်နဲ့ ထပ်တူ လေးစားတတ်တဲ့သူ
မှန်သမျှကို လက်ဆောင်ပေးချင်ပါတယ်။
စာအုပ်လက်ဆောင် ပေးဖြစ်သော စာရေးဆရာများ
၁။မောင်စိုးအောင် (ကန့်ဘလူ) ၂။ ဆူးရင့် (တန့်ဆည်) ၃။ မောင်မင်းစိုး
၎။ ဆရာကောင်း( စရဏ အယ်ဒီတာ)။ ၅။ဟဲလိုဂျာနယ် အဲဒီတာ ၆။ ၀ါဆိုကိုဦး
ရ။ စိုးမင်းအောင်။ ၈။သက်ဝင်ကြယ်။ (ကိုသက်) ၉။မောင်သာချို။ ၁၀။သွေး (စစ်ကိုင်း)
၁၁။မင်းမဟာမိုး (ဟတ် အယ်ဒီတာ) ။ ၁၂။ လူဇော်သစ်( ဒီဇိုင်းနာ)
ပင်လယ်ပြင်ကြီးကို လှမ်းကြည့်လိုက်စဉ်
အဆုံးမရှိတဲ့ မင်းရင်ဘတ် အတွင်းသားကို မြင်လိုက်ရတယ်
သံသယနဲ့ လှုပ်ခတ်နေတဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အညိုးအတေးကြီးတဲ့ လှိုင်းပြင်းခတ်သံတွေပါပဲ
ရဲရဲတောက် သွေးအစက် အစက် စို့ထင်နေတဲ့ နှုတ်ခမ်းနီနီများ
ဖျတ်ဖျတ်လူး လွင့်စင် အံကျလာတဲ့ စကားလုံး အံဖတ်များ
ရေဆာတယ်
ရိုးသားချင်ယောင် ဆောင်ရတာလည်း မောလှပါပြီ။
ဒီမှာ မိဌေးရဲ့
ငါတို့ သက်ရှိမျိုးနွယ်တွေ အကုန်လုံးက
ငြိမ်းချမ်းခြင်း သုခဘုံကိုပဲ ရောက်ချင်နေကြတာ
ငြင်းခုံမှု ကင်းဝေးရာဆီ ရောက်ဖို့ တွားသွားနေကြတာ သိရဲ့လား
မင်းစိတ်က ဓမ္မရိပ်မှာ ငြိမ်းချမ်းနေပြီ ဆိုလည်း
ငြိမ်းချမ်းပါတယ်လို့ ငြင်းမနေပါနဲ့
ငြိမ့်ငြိမ့်လေးသာ နေလိုက်ပါ
ဝါ ဂွမ်းထဲ ဆီလောင်းထည့်လိုက်သလို
အိဖိမ့်ပြိး ဆိမ့်လိုက်တဲ့ စိတ် အရသာ
ငြင်းခုံဖို့ တရားမရှာကြေး စာမဖတ်ကြေးသာ ဆို ဘယ်လောက်ကောင်းမလဲ
မိဌေးရေ...
မင်းကိုတော့ မပြောလိုပါဘူး
ငါကတော့ သံသယ ကမ္ဘထဲမှာ
လည်နေရဦးမှာ သေချာတယ်။
ပြတင်းပေါက်ကလေးက ဟတတ ပွင့်လို့
အုံဆိုင်း မှောင်မိုက်နေတဲ့ မိုးသားများအတွင်း
အဆုံးမရှိတဲ့ အလွမ်းများကို မြင်တွေ့လိုက်ရတယ်
အလွမ်းပင်လယ်မှာ အခိုးအငွေ့တွေ တလူလူ
အသံနက်ကြီးဖြင့် ရွာသွန်းနေတဲ့ မိုးပေါက်များက
ပိတ်ထားတဲ့ တံခါးပေါက်တွေ ကြားကနေ အတင်းတိုးဝင်
မလာကြနဲ့။
အခုမှတော့ မလာကြနဲ့။
မထူးတော့ဘူး လွမ်းလက်စနဲ့ ဆက်လွမ်းမယ်
စာအုပ်ကလေးတွေက တစ်ပုံ
ငါက တစ်ကောင်
အလွမ်းတွင်းနက်ထဲ ပိတ်လှောင်ခံနေရ
အပြင်မှာ မိုးရွာနေတယ် ညီမလေးနဲ့ အတူတူ အိပ်နေရရင် ဘယ်လောက်ကောင်းမလဲ
အဲဒီ စိတ်ကူးယဉ် လှလှလေးက စိတ်ထဲကို အတင်းတိုးဝင်နေလေရဲ့ .........။
သင်သာ အကောင်းဆုံး ဖြစ်ပါစေ
>
> ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။
>
> သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။
>
> သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။
>
> ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။
>
> အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။
>
> ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။
>
> ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။
>
> အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။
>
> သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။
>
> သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။
>
> အကြီးအသေး အရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊ သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကို လိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲ ဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိက ပါပဲ။
>
> ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။
>
> ဒါကြောင့် ကျမတို့ ဘ၀မှာ ပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါ အချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။
>
> သူတပါးကို မတုပနှင့်
>
> ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာ
>
> အရှိကို အရှိအတိုင်းကြိုးစားပါ။ (in bhikhu.com )
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်
ခင်ဗျားတို့ပဲ ကဗျာဆရာလုပ်ကြ
ခင်ဗျားတို့ပဲ စာရေးဆရာလုပ်ကြ
ခင်ဗျားတို့ပဲ နာမည်ကြီးကြ
ခင်ဗျားတို့ပဲ ကြယ်တောက်တမ်း ကစားကြ
ခင်ဗျားတို့ပဲ TV စခရင်တွေပေါ်ကနေ ကျေးဇူးတင်စကားပြောကြ
မျက်လုံးပြူးပေမဲ့ ကမ္ဘာကြီးကို စောင့်ကြည့်ဖို့
ဂျာနယ်လေး တစ်စောင် တလေတောင်
ကျွန်တော့်မှာ ပုံမှန် ၀ယ်မဖတ်နိုင်ခဲ့
ဒီမသာ ဒီလိုနဲ့ သေရမှာပါ
ဘာထူးဦးမှာလဲ
ခင်ဗျားတို့ပဲ ပညာသင်သွားကြ
ခင်ဗျားတို့ပဲ ရှော့ပင်းထွက်ကြ
ခင်ဗျားတို့ပဲ မင်္ဂလာဆောင်ကြ
ခင်ဗျားတို့ပဲ သတင်းစာမှာ ကြော်ငြာကြ
ခင်ဗျားတို့ပဲ အင်တာနက်သုံးကြ
ခင်ဗျားတို့ပဲ ဘောလုံးကန်ကြ
ခင်ဗျားတို့ပဲ စာချုပ်စာတမ်းတွေ လုပ်ကြ
ခင်ဗျားတို့ပဲ အင်တာဗျူးတွေ ခဏခဏ လုပ်ကြ။
ကမ္ဘာဟာ ရွာဖြစ်လာပြီ...ပြောကြပေမဲ့
တစ်ယောက်စာ နေရာကလေးတောင်
ကျွန်တော့်အတွက် ပိုပို ကျဉ်းလာရတယ်
ဒီမသာ ဒီလိုပဲ နေရဦးမှာပါ
ဘာထူးဦးမှာလဲ
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်။
၂၁.၆.၀၉ နေ့ရေးသည်။ သာရလင်း
ကျွန်တော် ဖွင့်ခဲ့တဲ့
ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်လေးပါ
တကယ့်ကို ကိုယ့်အားကိုယ်ကိုးခဲ့ရတယ်။
ဘယ်သူ့အကူအညီမှ မပါဘုး။
ဒါပေမယ့် ပီးတဲ့ အခါကျတော့
ပြန်ဆက်က ငနဲက
သတင်းလာယူတယ်။
စာအုပ်ပေါက်စနလေးတွေ ၃ အုပ် လှူပီး သူဖွင့်တဲ့
စာကြည့်တိုက်လိုလိုလုပ်တယ်။
၂၀၀၅။ ဧပရယ် ၃၀ မှာ သာရလင်း ကိုယ်တိုင် ဖွင့်ခဲ့တာပါ ။
နာမည်ကတော့ သူများတွေလို ဆန်းဆန်းပြားပြား လုပ်မနေတော့ပါဘူး။ (ဥပမာ ..ဘ၀ဘဏ်တို့၊ အလင်းရောင်တို့လိုပေါ့)
ရိုးရိုးလေးပါပဲ ““ရွှေပညာ စာကြည့်တိုက်”” လို့ပဲ ပေးခဲ့တယ်။