On Wednesday, February 24, 2010 3 ဝေဖန်ချက်


လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။

ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။

ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။

လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။

အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။

လှသန်း
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇ ခုနှစ်)

ဒေါက်တာလွမ်းဆွေ drlunswe.blogspot.com မှ ကိုလှသန်း၏ ကဗျာကို ပြန်လည် ကူးယူထားပါသည်။

3 ဝေဖန်ချက်:

Anonymous said...

``အကျွန်ုပ်ကို လူတစ်ယောက်လို့သာ သိမှတ်တော်မူပါ``

တပုဒ်လုံး ခံစား ကျေနပ်သွားတယ်

ဂျစ်တူး ( မုံရွာ ) said...

ဘဝဆိုတာ ဖြတ်သန်းရမည့်ခရီးရှည်ကြီးတခုဘဲ-
ဒီခရီးမှာအတူတူလိုက်မည့်သူကကိုယ့်စိတ်ကြိုက်ဟုတ်ချင်
မှဟုတ်မယ်-ဟုတ်ချင်လည်းဟုတ်နေမယ်-
ဘဝဆိုတာထမင်းစားဖို့ လူဖြစ်လာတာမှမဟုတ်ဘဲ-
အပြောင်းအလဲဆိုတာတွေကလည်းမှားရင်လည်းမှားသွား
နိုင်သလိုမှန်ရင်လည်းမှန်သွားနိုင်တယ်-
မပြောင်းလဲရင်တော့အဆိုးအကောင်းသိမှာမဟုတ်ဘူး-
ကိုယ့်ဆုံးဖြတ်ချက်ကိုကိုယ်သာလျှင်ခံရမှာပါ-
ဆိုးလည်းခံ-ကောင်းလည်းစံ ပေါ့ကွာ-ဘာဖြစ်လဲ

ဂျစ်တူး ( မုံရွာ ) said...

ဘယ်ကိုရောက်နေသလဲကိုယ့်လူ-