အချစ်တစ်ဖုံဖော်စပ်နည်း
( MEDICAL SCIENCE EFFECT OF FORMULA OF REAL LOVE )
အကြင်နာမျိုးငါးပါး - (၁)ကျပ်သားစီ
အပြုံးပွင့်ခြောက် - (၃)ကျပ်သား
သမုဒယအမြစ် - (၂)ကျပ်သားနှင့်(၄)ပဲသား
နှုတ်ခမ်းလွှာအမှုန့် - (၁)ကျပ်သားနှင့်(၂)ပဲသား
သစ္စာအခေါက် - (၃)ကျပ်သား
မျက်ဝန်းသတ္တုရည် - (၁)ရွှေးသား
( MEDICAL SCIENCE EFFECT OF FORMULA OF REAL LOVE )
အကြင်နာမျိုးငါးပါး - (၁)ကျပ်သားစီ
အပြုံးပွင့်ခြောက် - (၃)ကျပ်သား
သမုဒယအမြစ် - (၂)ကျပ်သားနှင့်(၄)ပဲသား
နှုတ်ခမ်းလွှာအမှုန့် - (၁)ကျပ်သားနှင့်(၂)ပဲသား
သစ္စာအခေါက် - (၃)ကျပ်သား
မျက်ဝန်းသတ္တုရည် - (၁)ရွှေးသား
စသည့်တို့ကို နှလုံးသွေးဖြင့်တေပြီး ညစဉ်အိပ်မက်မမက်ခင်စားပါက အသဲကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသား အဖျားတတ်ခြင်း၊ ဦးနှောက်ငမ်းဖမ်းခြင်း၊ မျက်ရည်ကြောတတ်ခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုပ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တတ်ခြင်း၊ ဥပက္ခာပြု ခံရခြင်း၊ ဂရုဏာမဲ့ခြင်း၊ သစ္စာမရှိခြင်းနှင့် အတ္တကြီးခြင်းရောဂါများကို ဒိဌပျောက်ကင်းစေကြောင်း အာမခံပါသည်။
(တင်စရာ အချိန်မရှိသဖြင့် မေးတစ်ခုမှ ရရှိသော ဒီစာလေးကိုပင် တင်လိုက်ရပါသည်။)
အခု နောက်ပိုင်း အလုပ်မအားတော့သဖြင့် ပို့စ် အသစ်တင်ဖို့ကလည်း မလွဲတော့ပါ သူငယ်ချင်းရေ....
4 ဝေဖန်ချက်:
အသစ်မတင်နိုင်တာကတော့ နန်းနဲ့အတူတူပါပဲ
အချစ်ဆေးလာဖတ်သွားတယ်
ဒီတောင်ကမကျော်နိုင်သေးဘူးလား
စိတ်ဝင်စားလို့ လာဖတ်သွားတယ်။ ဒါပေမယ့် ဆေးကျောင်းမတက်ခဲ့ရလို့လား မသိဘူး ဘယ်လိုမှ နားမလည်ဘူးခင်ဗျ။ :D
နင် - - -
ဈေးဟောင်းအနောက်တန်း ဖရက်ဆေးဆိုင် ကလားဟင်-
ဒီဆေးနည်း ငါလည်းသိတယ်-
မှန်ရင်လာဖြေလှည့်နော်-
ဒါဘဲ
အခုလောက်ဆိုအုန်းခြံရပ်ကွက်ထဲကအပျိုတွေ သဋ္ဌက်န်
အတွက်အကတွေတိုက်နေရောပေါ့ -
Post a Comment