On Tuesday, January 26, 2010 2 ဝေဖန်ချက်

ပြေးနေတဲ့စိတ်ကို လိုက်ဖမ်းဘို့
ထိုင်နေရင်းကနေ မှိုင်နေရင်းကနေ ငိုင်နေရင်းကနေ
လူ့အဖြစ်ဇာတ်ခုံမှာ ဆူးနံရံတွေ ခြားထားတယ် ဆိုတဲ့အကြောင်း

ငတ်ပြတ်မှုကို ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့ရတာ
စိတ်သဘောလေး နူးညံ့ချိုသာတတ်တာ တစ်ခုကလွဲပြီး
မွဲလို့ရသမျှအကုန်လုံး မည်းမှောင်နေတဲ့အကြောင်း
လူတွေက နင်းလိုက်၊ နိုင်ငံက နင်းလိုက် နင်းခံရတာများတော့ ပြားသွားတယ် ဆိုတဲ့အကြောင်း

ငွေမရှိရင် စိတ်ဓာတ်ကျစရာ စိတ်ဓာတ်ကျရင် သေချင်စရာ
သေချင်တာက စိတ်ပျက်စရာ အလံဖြူတွေ ပုံကျနေသလို စိတ်က ပျက်ပြီးကျနေတာ
ဘယ်လိုမှ ရုန်းထွက်လို့ မရဘူး ဒီတိုင်းငတ်နေရတာထက် ဟိုတိုင်းငတ်နေရမှာကို
ခွေးပိန်တစ်ကောင်လို အမြီးကုပ် ကြောက်နေတဲ့စိတ်က ကြောက်စရာ
ဟိုမှာ မျက်နှာငယ်နေရလိမ့်မယ်လို့ ဒီမှာ ဆီးရွက်လောက်မျက်နှာလေးနဲ့
တွေးမိတဲ့အခါ။

အမေ့ကိုတော့ သား ရှိခိုးပါရဲ့
အမှန်တစ်ခုကို မှားမလို့ ချောင်းနေပါတယ်
နားလည်မှုကတော့ ခင်ဗျားတို့ရဲ့ အစွမ်းအစ အတိုင်းပါဘဲ။

2 ဝေဖန်ချက်:

Anonymous said...

ကဗျာကတပုဒ်လုံးကောင်းနေတယ်
ဘယ်နေရမှ လိုလေသေးမရှိပါဘူး

khun said...

ကဗျာလေးဖတ်သွားပါတယ်
ငွေမရှိရင် စိတ်ဓါတ်ကျစရာ ကတော့
အမှန်ပါဘဲရှင်
လူ့ဘ၀ဆိုတာ ကတော့.....


ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ