On Wednesday, January 6, 2010 3 ဝေဖန်ချက်

“၀မ်းနည်းခြင်း အထိမ်းအမှတ်
စာနာတတ်ရင် တစ်မိနစ်လောက် ငြိမ်ပေးပါ”

ရေ၀င်ရေထွက် ပင်လယ်အတွက်
ဆာလောင်မှုက အနာဆွေး ပြည် တည်
ဗိုက်ကိုတော့ ဆောင့်မကန်ပါနဲ့ ဗျာ
ခင်ဗျားကျွေးတဲ့ ထမင်းအပြင် ကျွန်တော့်လုပ်အားခလေးလည်း ပါ ပါတယ်။
မနက် ၆+ည ၆၊ နေ့ ၁၂+ ည ၁၂၊ မနက် ၃+ မွန်းလွဲ ၃၊
(၁၅၀၀၀) တန် စာပွဲထိုးတစ်ယောက်
ကန်ဇွန်းရွက်နဲ့ ပဲပြုတ်အပြင် မျှော်လင့်စရာ လူ့အခွင့်အရေး
ဘာလိုသေးလို့လဲ စာသုံးသူ လာသော်ရှိ မလာသော်ရှိ တာဝန်ချိန်အတွင်း ဖင်ချ မထိုင်ရ။
ကိုယ့်ဘ၀နဲ့ကိုယ် ကိုယ့်ခြေထောက်နဲ့ကိုယ် ကိုယ့်အပေါက်နဲ့ ကိုယ်
ကိုယ်ပိုင်အလုပ်တည်ထောင်ခန်း ကွမ်းယာဆိုင် ဖွင့်မယ်ကွာ
မြေနီကုန်းမှတ်တိုင်သုံးခုမှာ ဆိုင် (၂၀)လောက်ပဲရှိတာပါ
စည်ပင်လာရင်တော့ ပြေးပေါ့ ငယ်ငယ်ကတော့ အပြေးသမားပါ
ဘယ်မှာ ရောင်းမလဲ သွားကြည့် နေရာရှာကြည့် သီရိမင်္ဂလာဈေးနဲ့ ကန်းနားတစ်ဝိုက်
ထမင်းရှာနေတဲ့ ကွမ်းယာဆိုင်တွေ ( ကွမ်းယာဆိုင်တွေ)
လှိုင် အုတ်ကျင်း လှိုင်သာယာ သင်္ဃန်းကျွန်း စမ်းချောင်းလမ်း
ဒီနေရာလေး ကောင်းတယ် ဆိုရင် ကြည့်လိုက် အရင်ဦးသူတော့ ရှိပြီးသား
ခေါင်းကိုသာ မော့ထားကြ စားသုံးသူလာမှာပါ
မျှော်လင့်မှုက လင်းတတို့ရဲ့  ဂုဏ်ပြုတေး
ကွမ်းရွက်တစ်ပိဿာ (၇၀၀၀) ၊ “ကွမ်းယာ နှစ်ရာဖိုး ထုပ်ပေးပါ”
ဘာလုပ်စားရင် ကောင်းမလဲ ဘယ်နိုင်ငံသွားမလဲ
လူ့အဖြစ်ဟာ ဂုဏ်ယူစရာ ကောင်းပေမဲ့ ဗိုက်မပါရင် ပိုကောင်းမယ်။
မတိုးတက်မှုမှာ ရေနစ်ပြီး သေသလို
တိတ်တိတ်ကလေး အိပ်ရာကထလာတဲ့အခါ ၀မ်းနည်းနေတဲ့ ထမင်းပန်းကန်က အားငယ်စွာ ကြည့်တယ်
အလုပ်ကလေးတစ်ခုလောက် ရမယ် ဆိုရင် အဲယားပုဂံ ဂရင်းရွိုင်းရယ်တို့နဲ့ ဆွေးမျိုးတော်ချင်တယ်
ကျောင်းနေဖူးတာ မနေဖူးတာထက် ဘောလုံးကန် မကျင်းခဲ့တာ နာတယ်။

ငယ်တော့ ငယ်ပါသေးတယ်
ထူးတော့ မထူးတော့ပါဘူး သစ်ရွက်လို ကြွေချိန်ကိုပဲ စောင့်ရုံပေါ့
ထူးတော့ ထူးပါသေးတယ် ဒီအရွက် မကြွေသေးခင် ဒီအမြစ်မှာ ရေလိုတယ်။
ဝမ်းနည်းတဲ့အခါ...ကဗျာရေးမယ်
ဗိုက်ဆာတဲ့ အခါ...ပဲကြီးလှော်နဲ့ လဲစားမယ်။

3 ဝေဖန်ချက်:

နွေဆူးလင်္ကာ said...

ဟားဟား ကောင်းတယ် စာရိုက်ရမှာ ပျင်းလို့ ရပ်ထားလိုက်တာ :)

Anonymous said...

ဝမ်းနည်းတဲ့အခါ...ကဗျာရေးမယ်
ဗိုက်ဆာတဲ့ အခါ...ပဲကြီးလှော်နဲ့ လဲစားမယ်။
အဲဒီအပုဒ်အကြိုက်ဆုံးပဲ

Anonymous said...

အဟောင်းတွေပဲထပ်ဖတ်သွားတယ်