စိတ်ဓာတ်က မှောက်ရက်ကြီးကို ကျတာ
ဒီဇင်ဘာမှာ နှင်းတွေ...ကျ ဒီငါမှာ စိတ်တွေ...ကျ။
စိတ်ကောင်းစိတ်မွန်တွေ အောက်ကိုသာ ချထားကြ
လို့ မပြောခင်ကတည်းက အောက်ကိုပဲ ကျနေကြ။
အောက်ကိုပဲ ကျကျနေတဲ့စိတ်
လို့ ဆိုတာထက် အောက်ကိုသာ ကျ
မပြုတ်ပဲနဲ့ကျ မဖြုတ်ပဲနဲ့ကျ
နင် ငါ့ကို ဂရုမစိုက်ပါနဲ့ ငါ နင့်ကို ဂရုမစိုက်နိုင်ခဲ့
ဘာတစ်ခုမှ အဆင်မပြေတာလေးတစ်ခုလွဲလို့
အဖေအမေနဲ့ ခွဲပြီး တပြည်တရွာနေရတာလေးတစ်ခုကလွဲလို့
ညီမလေးနဲ့ တွေ့ခွင့်မရှိတာလေးတစ်ခုလွဲလို့
ဝဋ်ရှိသမျှတော့...အကုန်လုံး...အဆင်ပြေပါတယ်။
နေညိုချိန် တိမ်တွေတောက်တောက် အရင်နေရာကလေး
ဘယ်ကနေ ဘာနဲ့ ဘယ်လို ဘယ်နေ့ ပြန်သွားနိုင်မလဲ
ကျနေတဲ့အရာတွေ အပျံ့  အကျဲအတိုင်း လှလှပပ
အရသာရှိတယ် ကျလက်စနဲ့ ချထားလိုက်တော့။
Subscribe to:
Post Comments (Atom)
2 ဝေဖန်ချက်:
ဒီဇင်ဘာနှင်းတွေကြားက ဖတ်သွားပါတယ်
စိတ်ဓာတ်က မှောက်ရက်ကြီးကို ကျတာ
ဒီဇင်ဘာမှာ နှင်းတွေ...ကျ ဒီငါမှာ စိတ်တွေ...ကျ။
စိတ်ကောင်းစိတ်မွန်တွေ အောက်ကိုသာ ချထားကြ
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Post a Comment