ဘ၀ဆိုတာ သစ်ရွက်ပေါ်က ပျားရည်စက်
သေရမှာ ကြောက်စရာလား
မိုက်ကယ်ဂျက်ဆင်၏ ရုပ်အလောင်းကို စက်တင်ဘာ (၃)ရက်နေ့တွင် မြှုပ်နှံမယ်
အမေရိကမှာ သူငယ်ချင်းရှိရင် ပိုက်ဆံနည်းနည်း လှမ်းချေးမယ်
မြန်မာနိုင်ငံအနေဖြင့် အကောက်ခွန်နှုန်းထားများကို
သုညရာခိုင်နှုန်းသို့ ၂၀၁၅ ခုနှစ်တွင် လျှော့ချသွားမယ်
ဘ၀တစ်ခု ရပ်တည်နိုင်ဘို့ဆိုရင်
ဗုဒ္ဓအဘိဓမ္မာအရ မှီစရာ လိုအပ်တယ်
မိုးရွာရင်းတန်းလန်း နေပူလာနိုင်တယ်
ထီးတစ်ချောင်းအမြဲဆောင်ထားမယ်
နိုင်ငံရေး အကျပ်အတည်းကြောင့်
ထိုင်းစီးပွားရေး ပြန်လည်ဦးမော့ရန် နှောင်းနှေး
ထော်လာဂျီများ အသုံးပြုများလာခြင်းကြောင့်
နွားလှည်းလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ
နေ့တိုင်းစားနေရတော့ မြစ်ထဲမှာ ငါးတွေလည်း နည်းနည်းလာပြီ။
အာဖဂန် ပြည်သူများရဲ့ မျှော်လင့်ချက်
မဲမပေးဖို့ ခြိမ်းခြောက်တဲ့ တာလီဘန်များ
မော်ဒယ်တွေ ဘီယာသောက်ရင် ၀ါးရင်းတုတ်နဲ့ ခြောက်ချက်ရိုက်သင့်တယ်။
တစ်ယောက်မှ မသေဘူးဆိုရင်
လူတွေနဲ့ ပြည့်ညှပ်လာလိမ့်မယ်
လူတစ်ယောက်မှ မရှိရင် ပြဿနာတစ်ခုတောင် မဖြစ်နိုင်
အင်္ဂါ င်္ဂြိုဟ်ကြီး ဖောက်ပြန်လာနေပြီ
တစ်ကမ္ဘာလုံးရှိ ကွဲပြားဖောက်ပြန်မှုများကို
ဘောလုံးတစ်လုံးလို လုံးထားရမယ်
ပြီးတော့ ဝေးသထက် ဝေးအောင် ကန်ထုတ်လိုက်
နားလည်မှုရှိရင် ရှိသလောက်
တစုတဝေးတည်း သီချင်းဆိုခွင့်ရမယ်။
အသင့်ချုပ်ပြီး အင်္ကျီ။ ကိုယ်တိုင်း အင်္ကျီ ။
ပိတ်စဆိုင် ရောက်သည် ။
အရောင်နှင့် အဆင်း ။ ကိုက်။ အပ်ချုပ်ဆိုင်
တိုင်းတာသည်။ ရေးသည်။ ရက်ချိန်းပေးသည်။
ငွေလက်ခံဖြတ်ပိုင်း။ စရံငွေ ။ ပြန်အမ်းငွေ။
ကြယ်သီးဖြုတ်သည်။ စမ်းဝတ်ကြည့်သည် ။
ကြေးမှုံမှန် ။ အနေတော် ။ ချွတ်သည်။ ခေါက်သည်။
ဖြည့်သည်။ ဖြည့်ပေးသည်။ ယူဆောင်လာသည်။
နှုတ်ခမ်းတိုက်ဖြစ်စေသည်။ အုပ်သည်
အတောအတွင်း ။ အဆင်သင့်မဖြစ်သေး။
အကောင်းဆုံးဖြစ်အောင် လုပ်သည်။ ဆက်လုပ်သည်။
အ၀တ်လဲ။ ဘီးဖြီး။ ပြင်ဆင် ။ လှသည် ။ လှတော့မည်။
( Every day short Talk English မှ စကားလုံးများဖြင့် ဖွဲ့စည်းထားပါသည်)
အကယ်၍ မင်းနဲ့ ငါ
ချစ်သူ မုန်းသူ
မုန်းသူ ချစ် သူ
ရင်ထဲမှာ ဒိန်းဒိန်း
ဘာပဲဖြစ်ဖြစ် နှုလုံးသားတွေ ပြာကျသွားနိုင်တယ်။
အကယ်၍ မင်းနဲ့ ငါ
ငါ ချစ်သလောက် မင်း လိုက်မချစ်နိုင်ဘူးဆိုရင်
ငါ ပူဆွေးသောက ရောက်ရတယ်
ငါ ချစ်သလောက် မင်းလိုက်ချစ်နိုင်ခဲ့ရင်
မင်း ပူဆွေးရလိမ့်မယ်။
အကယ်၍ မင်းနဲ့ ငါ
သူ့စိတ် ကိုယ့်စိတ် မတိုက်ဆိုင်သေးသရွေ့
ဝါ
ငါ့စိတ်တွေ မင်းဆီမှာ မင်းစိတ်က တခြားဆီမှာ
ဘာမှကို ပျော်စရာမကောင်းဘူး
ထို့ကြောင့်
အချစ်သည် လေပွေ။
အကယ်၍ မင်းနဲ့ ငါ
သူ့စိတ် ကိုယ့်စိတ် တိုက်ဆိုင်ရင်
ဝါ
ငါ့စိတ်တွေ မင်းဆီမှာ မင်းစိတ်က ငါ့ဆီမှာ
မိုးမမြင် လေမမြင် မီးတွေ လောင်ကြမယ်
ထို့ကြောင့်
အချစ်သည် မီးတောက်။
အကယ်၍ မင်းနဲ့ ငါ
အချစ်ရေ မင်းကိုမြင်လိုက်တိုင်း
နှလုံးသားတွေ တဆတ်ဆတ်တုန်
ငါ့ကျောတွေ စပ်ဖျင်းဖျင်းနဲ့ ချမ်းလာတယ်။
ထို့ကြောင့်
အချစ်သည် ကျောစပ်အောင် ရိုက်နိုင်တဲ့ ကြာပွတ်။
အကယ်၍ မင်းနဲ့ ငါ
ပြုစုယုယမှုတွေကို သာယာလက်ခံနေခဲ့ရင်
ငါက မင်းကို မင်းက ငါ့ကို စွဲလန်းမိလိမ့်မည်
ထို့ကြောင့်
အချစ်သည် နွယ်တစ်ပင်။
အကယ်၍ မင်းနဲ့ ငါ
ပြုစုယုယမှုတွေကို မသာယာခဲ့ဖူးဆိုရင်
ငါက မင်းကို မင်းက ငါ့ကို မေ့တန်သလောက် မေ့သွားနိုင်သည်
ထို့ကြောင့်
အချစ်ထက် ဥပေက္ခာက သာ၍ကောင်းမည်။
အကယ်၍ မင်းနဲ့ ငါ
ဘာမှမတော်စပ်ဘူး ဘာမှမဖြစ်ဘူး ဘာမှမသိဘူးဆိုရင်
ဘာမှ တွေးစရာမလိုပြီ
ထို့ကြောင့်
ဥပေက္ခာထက် ဘာမှမသိခြင်းက သာ၍ ကောင်းမည်။
အကယ်၍ မင်းနဲ့ ငါ
ဘာမသိသူသည် ဘာမှမသိသူသာ
ဘာမှ မသိသူကို မျက်စိမှိတ် ချစ်နေခဲ့ပါက
နှလုံးသားကို ကြေစည်ထုခံရလိမ့်မည်
ငါ့နှလုံးသားသည် ကွဲအက်မခံနိုင်
ထို့ကြောင့်
အချစ်သည် မုန်းရခက်ကြီး။
အကယ်၍ မင်းနဲ့ ငါ
ညသည် တိတ်ဆိတ်နေသလို
အချစ်သည် နားလည်တတ်မှ
နှလုံးသားသည် ငြိမ်သက်တိတ်ဆိတ်စွာ ကိန်းဝပ်တည်ရှိရ၏
နင်သည် ငါ့ကို နားမလည်
ထို့ကြောင့်
အချစ်သည် နားလည်မှုသက်သက်။
အကယ်၍ မင်းနဲ့ ငါ
လူ့ဘ၀သည် အနိစ္စ
အချစ်သည် ထာဝရဖြစ်ဖို့
တစ်ယောက်ကို တစ်ယောက်နားလည်ကြရင်
အချစ်သည် ပျော်စရာ။
အကယ်၍ မင်းနဲ့ ငါ
လူ့ခန္ဓာသည် အနတ္တ
အချစ်သည် အစိုးတရဖြစ်ဘို့
တစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် ချစ်ကြရင်
အချစ်သည် ရင်ခုန်စရာ။
အကယ်၍ မင်းနဲ့ ငါ
ဘ၀သည် ဒုက္ခ
အချစ်သည် စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ဘို့
လွတ်လပ်စွာ စောင့်ရှောက်ခွင့်ရရင်
အချစ်သည် ငြိမ်းချမ်းမှု။
အရူးမရဲ့ ကိုယ်ဝန်လို
ရှင်းမပြနိုင်စရာ
အနုပညာတွေနဲ့လား
အိတ်ထဲကို လက်လျှိုလိုက်တော့ ဗလာ
ဘ၀ထဲကို ခေါင်းထိုးလိုက်တော့ ဗလာ
ကမ္ဘာထဲကို တစ်ကိုယ်လုံး ၀င်လိုက်တော့ ဗလာ
so hollow
အဲဒီဟောင်းလောင်းပေါက်
ငါကြောက်လာတယ်။
ANDY WARHOL တို့ ကမ္ဘာမှ (သုခမိန်လှိုင် မြန်မာပြန်) ကဗျာဖြစ်ပါတယ်။ မူးရင်းကဗျာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ှSo Hollow
like the mad girl's pregnancy
is it full of arts that are
inexplicable?
putting your hand into the bag-nothing
throwing your head into the life -nothing
pushing your whole self into the world-nothing
so hollow
that hollow emptiness
i come to fear
တစ်နေကုန် မအီမသာနဲ့
နေရထိုင်ရတာ လူ့ဘ၀ သရုပ်ပေါ်လွန်းခဲ့
ပါးလျှ ညို့မှောင်နေးတဲ့ ဇာပ၀ါ တစ်ထည်လို
ဝိညာဉ် အသေတွေ တအိအိရွေ့လျား
ခဏတစ်ဖြုတ် အလုပ်နားတုန်း
မနေတတ်မထိုင်တတ်မို့ ရေဒီယို ဖွင့်ကြ ည့်မိတော့
“ နာဂစ်ဒဏ်သင့်ဒေသမှ ကလေးအယောက်ရှစ်ဆယ်
လူကုန်ကူးမှုမှ ကယ်တင်နိုင်ခဲ့ကြောင်း”
အားလုံးအတွက် တိုးတက်ဖို့ ပြန်လည်ထူထောင်နိုင်ဖို့
သတိတရ တွေးကြည့်မိသေးရဲ့
လူတွေ အများကြီးနဲ့ နေရပေမဲ့ လူတွေနဲ့ ဝေးနေရတဲ့ ဘဝ
ကြီးပွား တိုးတက်ဖို့ အထူးတလည် စဉ်းစားမိတဲ့နေ့မှာ
မကြီး မပွား မတိုးတက်ပဲနဲ့ သေးပြီး ပုသွားရတဲ့
ရေခဲသေတ္တာ တစ်လုံးအကြောင်း
ကံကြမ္မာကို ခွဲစိတ်ကြည့်ရမှာလား
ရင်ဘတ်တွေကို တူးဖော်ကြည့်ရမှာလား။
ဟိုဟိုဒီဒီလျှောက်ရင်း ရွှေဆိုင်တစ်ဆိုင်ထဲရောက်သွား
လက်ချည်းပြန်ထွက်ခဲ့ရင် မကောင်းတတ်လို့
ရွှေတစ်ပိသ်သာလောက်တော့ ၀ယ်လိုက်ချင်ပေမဲ့
ပြန်မရွေးနိုင်သေးတဲ့ တစ်မတ်သား ဆွဲကြိုးလေးကို ရိပ်ခနဲမြင်မိ
ကျောက်စိမ်းတင်ပို့မှု တချို့လည်း ပိတ်ခံလိုက်ရ
နေရောင်တို့ ပုန်းကွယ်ကုန်ကြပြီ
ငါ ဘယ်မှာ သွားပုန်းနေရင် ကောင်းမလဲ
ကွမ်းတစ်ယာလောက်တော့ အမူးဝါးလိုက်ချင်ရဲ့
မီးရောင်အောက်မှာ စောင့်ကြည့်ဂျာနယ်ကို
ခဏတဖြုတ် စောင့်ကြည့်မိတော့
“အနုပညာရှင် (၃၀) ဦး မူးယဇ်ဆေးဝါး ကိစ္စ
ရုံးထုတ် စစ်ဆေးမည့် သတင်း မှန်/မမှန် ခွဲခြားသိနိုင်”
“သုခုမ၏ ဒါနပွဲသဘင်နှင့်
မိုးမင်းပြောသော (လေဘေး) ဇာတ်သဘင်အလှူဒါန”
“ဦးပဉ္ဖင်းများလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီလှူဒါန်း”
boa-မှ ဆရာမောင်သာရကတော့ တိုက်တွန်းသွားတာပဲ
“ဇေနန္ဒာ ချိုင်နယ် သတင်းဌာနတစ်ခု ထူထောင်ဖို့”
လူတွေ ဘာလို့ အိပ်ကုန်တာလဲ
ညရောက်ရင် အိပ်ဖို့ ဆိုတာကို ဘယ်မသာသတ်မှတ်ခဲ့တာလဲ
ညဆိုတာ
မလွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံနီးပါး မည်းမှောင်တယ်
အိပ်မနေကြနဲ့
ညဆိုတာ
တွင်းနက်ကြီး တစ်ခုနဲ့တူတယ်
ငါ ခုန်မချချင်ဘူး
အား ...
တစ်နေ့တာ ကူးခတ်မှု
ဘယ်လောက်မှန်သလဲ ဘယ်လောက်မှားသလဲ
မသိဘူး ၊ သတ်ပုံကျမ်း မကြေဘူး
(၂၀၀၈၊ ၇ လပိုင်းက ကဗျာလေးပါ)
ဝတ် မှုန် ကူးဖို့ စိတ်ကူးကြည့်မိလိုက်တိုင်း
ရည် ရွယ်သူ ကောင်မလေးက
ခင် ခင်မင်မင် မက်မက်မောမော မရှိလေတော့
ကောင် လေးတစ်ယောက်လည်း ကောင်းကင်တစ်ခုလုံး တိမ်တွေ ဖုံးလွမ်းသလို
မ လန်းမဆန်း ဖြစ်သွားခဲ့ရတယ်။
လေး လေးစားစား မရှိတဲ့ မင်းအခင်အမင်ကြောင့်
တစ် ဆို့ ဆွံ့အနေတဲ့ မျှော်လင့်ချက်က
ယောက် ယက် ခတ် တိမ်စိုင်တွေကြားမှာ
အ သည်းဟက်တက် သွေးအစက်စက် ငါ့ဝိညာဉ်တွေ
ကြောင်း ကျိုး မညီညွတ် နိုင်တော့ဘူး။
လက ပြည့်ပြည့်၀၀
လူက ပြားချပ်ချပ်
လက်က ပိုက်ဆံမရှာတတ်ဘူး
သံဃာတော်တွေ နေရာ အသီးသီးမှတ်ပြီး ၀ါဆိုကြတော့မယ်ဆိုပဲလေ
ငါတို့တွေ ဘယ်မှာ ဘာဆိုကြမလဲ
ဘယ်သူလွှင့်လို လွင့်နေတာလို့
မြို့က ဝေတာလား တို့က လေတာလား
လတိုင်းလတိုင်း လွင့်နေအောင်ကို လွမ်းမိတယ်
အလွမ်းတွေက မီးခိုတွေလို လွင့်ပျံနေပြီး အသံတွေလို ကြားနေရရဲ့
လွမ်းမယ့် လွမ်းတော့လည်း
လောက်လောက် လားလား လင့်စင်ပေါ်တက်ပြီး
လူလိမ့်ကာ လွမ်းလိုက်ချင်ရဲ့