On Thursday, February 19, 2009 0 ဝေဖန်ချက်

အလွမ်းည ဂိမှာန်
ငါ အိမ်ပြန်ချင်တယ်၊
အချင်းတို့ရေ
ငါ့ကို စာဥသီချင်းနဲ့ ကြိုဆိုကြစမ်းပါကွယ်။
မြစ်တို့ရေ
ကိုယ့်ကိုယ်ကိုယ်လည်း စီးဆင်း
ငါ့ကိုလည်း လှေတစ်စင်းလို လှော်ခတ်ကြပါကွယ်။
မင်းတို့လိုရာကို စီးဆင်းပြီး
ငါ့ကို ဥပေက္ခာ သီချင်းတွေ မဆိုပြကြ ပါနဲ့

အခု ငါ့မှာ
ဒီနေရာကို အခြေအနေအရ ရောက်လာခဲ့ရ
ခဏ ခဏ မိုးချုပ်တတ်တဲ့ ကမ္ဘာမှာ
ခဏ ခဏ ၀မ်းတွေချုပ်ရ ၊ ခဏ ခဏ စိတ်တွေ ချုပ်ရ
(ဆိုးတာက မင်းကိုကျတော့ ငါ့ရင်ခွင်ကြားမှာ မဖမ်းချုပ်နိုင်ခဲ့ဘူး)
တိတ်ဆိတ်လွန်းအားကြီးရင်
အသံတွေက ဆူညံလွန်းနေခဲ့
သတင်းတွေက ဘီလူးတွေရဲ့ မြှားတွေလို
အတ္တကြီးမားလွန်း
တစ်ချို့ က သမ္မတ လုပ်တန်း ကစားကြ
တစ်ချို့က ၀န်ကြီးလုပ်တန်း ကစားကြ
နေရခက်တယ်
ပဲံလှော်ကြားက ဆားလေးတစ်ပွင့်လို
ကမ္ဘာကြား ညပ်ခံရတဲ့ ငါ


မုန်တိုင်းတို့ ခဏရပ်ပြီး ငြိမ်သက်တိတ်ဆိတ်နေစဉ်
နေ၀င်ပြီး မိုးချုပ်လာတဲ့အခါ
ဖိုးတုပ်တို့အိမ်က ပုလွေသံလေးကို ပဲ
ငါ ကြားချင်တယ်။ ။
ဘန်ကောက်ရောက် သူငယ်ချင်း-မျိုးမင်းဟန် yemonnyo@gmail.com အတွက် အမှတ်တရ စပ်ဆိုပါသည်။

0 ဝေဖန်ချက်: