On Friday, February 20, 2009 0 ဝေဖန်ချက်

လေညှင်းသဲ့သဲ့ ညနေခင်း
ဝတ်မှုန်စို့စို့ ပန်းလေးများ
ရင်ဖိုလှိုက်မော ဂါဝန်တလှပ်လှပ်
ဆွေးမြေ့ အားငယ် ပေါက်ကွဲ သံစဉ်ရင့်ရင့်
ပလက်ဖောင်း အပဲ့အရွဲ့ တိမ်ရှောင် ကျော်လွှား
ရေမြောင်းတ၀ိုက် သစ်ရွက်တို့ရဲ့ တိုက်ခတ်သံ
မံဘာ၊ ရိုးရိုး မနိုင်ဝန် အင်တာနက် အသုံးစရိတ်
ငိုကြွေး ငြီးတွား တက်ကြွ ဟိန်းဟောက်နေသော မော်တော်ကားများ
ဂီယာချိန်း ဘရိတ်အုပ် ဆီပေါက်သံ
ခြုံစောင်မလိုတဲ့ နှင်းဖွဲဖွဲအောက်မှာ
နွေရာသီကို ရောက်ဖို့ ဆောင်း စတင်နေပါပြီ။

သာရလင်း
ယခုလ၊ စရဏမဂ္ဂဇင်း။

0 ဝေဖန်ချက်: