နေ့စဉ်ပန်ဆင်ရမယ့် ပန်းငါးပွင့်
ဘုရား။
တရား။
သံဃာ။
အဖေ အမေ။
ဆရာများ။
ဘယ်ဘာသာက ဘယ်လို ဘာညာ ဟိုဘာသာက ဟိုလို ။
ရွေးချယ်မှုမှာတော့ ဦးနှောက်ရှိသမျှပေါ့
လောကကြီးက နေတတ်ရင် ကျေနပ်စရာ
ဆိုပေမဲ့ ကျေနပ်မှုက ဘ၀၊ စိတ်တစ်ခုလုံး ကျေ... ပြီး ... နပ်...နေမှ
စိတ်တစ်ပြင်စာလုံး မကျေပြီး မနပ်ရင် ဘယ်သူက ဘယ်လိုလုပ် ကျေနပ်မလဲ
ဟိုလိုလို ဒီလိုလို
လျှောက်...
မတွေးနဲ့
ဟေ့...
စိတ်
ငြိမ်မှ ငြိမ့်တာ ငြိမ့်မှ ငြိမ်းတာ
ငြိမ် ငြိမ့် ငြိမ်း
လောကကြီးအကြောင်း တွေးမယ်ဆိုရင် မနိုင်မနင်း ထားလိုက်တော့
ဒီ..အတိုင်းပဲ။
စိတ်ဓာတ်က မှောက်ရက်ကြီးကို ကျတာ
ဒီဇင်ဘာမှာ နှင်းတွေ...ကျ ဒီငါမှာ စိတ်တွေ...ကျ။
စိတ်ကောင်းစိတ်မွန်တွေ အောက်ကိုသာ ချထားကြ
လို့ မပြောခင်ကတည်းက အောက်ကိုပဲ ကျနေကြ။
အောက်ကိုပဲ ကျကျနေတဲ့စိတ်
လို့ ဆိုတာထက် အောက်ကိုသာ ကျ
မပြုတ်ပဲနဲ့ကျ မဖြုတ်ပဲနဲ့ကျ
နင် ငါ့ကို ဂရုမစိုက်ပါနဲ့ ငါ နင့်ကို ဂရုမစိုက်နိုင်ခဲ့
ဘာတစ်ခုမှ အဆင်မပြေတာလေးတစ်ခုလွဲလို့
အဖေအမေနဲ့ ခွဲပြီး တပြည်တရွာနေရတာလေးတစ်ခုကလွဲလို့
ညီမလေးနဲ့ တွေ့ခွင့်မရှိတာလေးတစ်ခုလွဲလို့
ဝဋ်ရှိသမျှတော့...အကုန်လုံး...အဆင်ပြေပါတယ်။
နေညိုချိန် တိမ်တွေတောက်တောက် အရင်နေရာကလေး
ဘယ်ကနေ ဘာနဲ့ ဘယ်လို ဘယ်နေ့ ပြန်သွားနိုင်မလဲ
ကျနေတဲ့အရာတွေ အပျံ့  အကျဲအတိုင်း လှလှပပ
အရသာရှိတယ် ကျလက်စနဲ့ ချထားလိုက်တော့။

ရင်ခုန်နေလား
ဟိုတယ်ကြီးတွေ၊ စူပါမားကပ်ကြီးတွေ၊ ဆေးရုံတွေ၊ ရှုခင်းသာတွေမှာ
မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ
ခရစ္စမတ်အထူးအစီအစဉ်ဆိုပဲ။
နှစ်က အသစ်စက်စက် ဒီဇိုင်းအသစ်နဲ့ အဟုတ်သားရောက်လာမှာလား
မနှစ်က၊ ဟိုနှစ်က၊ တစ်နှစ်ကပုံစံအတိုင်းပဲ ရောက်လာမှာလား။
အနီရောင်၊ အစိမ်းရောင်တွေနဲ့ ခရစ္စမတ်သစ်ပင်နံဘေး
ဘာထိုင်ငေးနေမိပါလိမ့်
ငေးမနေနဲ့ လာထား ပျော်ပျော်ရွှင်ရွှင် (ကကြမယ်)
အကြမ်းလား အနုလား၊ ဘီလား ၀ီလား၊ ၀ိုင်လား စပိုင်လား
ဘာသောက်ပြီး ကြိုမလဲ
ခရစ္စမတ်မှာ နှစ်သစ်ကူးညမှာ
ကဲချင်သလောက် ကဲကြပါ
စိုင်းစိုင်းတို့အဖွဲ့ ၊ ဂျေမီတို့အဖွဲ့ ၊ ဂျောက်ဂျက်တို့အဖွဲ့ က ဘယ်နေရာမှာ ဘယ်လို
အီမီနန်က ဘယ်နေရာမှာ ဘယ်လို
လီဆာကူနီကိုက ဘယ်နေရာမှာ ဘယ်လို
အထာတွေမရှိ လွတ်လပ်စွာ
ပျော်မယ်ဆိုရင်လည်း အတွင်းကျကျနစ်ဝင်သွားတဲ့အထိ ရင်ခုန်အိဖိမ့်သွားပါစေ...
ပျော်ကြပါ ရွှင်ကြပါ ခရစ္စမတ်အကြိုညမှာ
ရင်ခုန်ကြပါ နှစ်သစ်ကူးညမှာ
စဉ်းစားကြပါ အသစ်ဆိုပေမယ့် မနှစ်ကလိုပဲဆိုတာကို
သတိ..ကံစမ်းမဲတွေ ဘ၀အကြောင်းတွေ အပြည့်ထည့်ထားတဲ့ အခန်းကို
၂၀၁၀ ခုနှစ်က တံခါးလာခေါက်နေပါတယ်။
“ရာသီဥတု အခွင့်အခါ သမမျှတတဲ့တစ်နေ့
မေမေရှေ့  လက်ဖ၀ါးလေးဖြန့်
ကျွန်တော့်ငယ်ငယ်ဘ၀ကို ပြန်တောင်းချင်ပါတယ်”
ငယ်ငယ်ဘ၀ကိုလည်း ပြန်မတောင်းချင်တော့ပါဘူး မိုးရင့်ကြယ်ရယ်
ရာသီဥတု အခွင့်အခါ သမမျှတခဲ့ဖူးပေမယ့်
ဆန္ဒခြေထောက်များ ကျိုးကြေနေခဲ့
အသိစိတ်အတွင်း မာရသွန်ပြေးဝင်လာချိန်
အခွင့်အလမ်း အစအနများအတွက် ရုံးပိတ်ရက်တည့်တည့်တိုးတယ်။
မျှော်လင့်ချက်တွေ လိုတယ် မမျှော်လင့်ချက်တွေ ပိုတယ်
အဖျက်ပိုးမွှားတွေက အရေပြားပေါ် လွယ်လွယ်ကျရောက်ခဲ့ကြ။
ခြိမ်းသာခြိမ်းပြီး အရွာမခံရတဲ့ မိုးကောင်းတောက ပဲပင်လို
တေလေတစ်ယောက်ရဲ့  ကိုယ်ပေါ်မှာပေါက်နေတဲ့
ပန်းသီးနုနုလေးတွေလည်း အုန်းသီးဖြစ်လာကြတော့မယ်။
ပြတင်းပေါက်ကနေ ငုံ့ကြည့်မိတော့
လမ်းမပေါ် ပြေးနေတဲ့ကားများ
ငါခုန်ချလိုက်ရင် ကောင်းမလား။

နေ့ရက်တွေဟာ စက္ကန့်တွေလို တဂျောက်ဂျောက်
လတွေက မိနစ်တွေလို တဂျက်ဂျက်
နှစ်တွေက နာရီတွေလို ခပ်တည်တည်
သံသရာဆိုတာ မယုံမရှိနဲ့ ကလေးရဲ့ 
မနက်၊ နေ့၊ ညနေ
ဒီထက် ဘာများ ထူးခြားသေးလို့လဲ
ပေါ်လိုက် ပျောက်လိုက် ရေတစ်ပွက်လို
ရှာလိုက် ကုန်လိုက် အလုပ်သမားတစ်ယောက်ရဲ့  ပိုက်ဆံလို
မနက်စာ၊ နေ့စာ၊ ညစာ
ရုန်းကန်မှု၊ ပြိုင်ဆိုင်မှု
တစ်ယောက်နဲ့ တစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်
လုံခြုံဖို့ လူမမြင်ဖို့
ကိုယ့်ကိုယ်ကိုယ် လျှော်ဖွတ် မိတ်ကပ်လိမ်း ရေမွှေးဖျန်း
လူမြင်ဖို့ လူသိဖို့
တိတ်တိတ်ပုန်းကြံစည်မှု တိတ်တိတ်ပုန်းသောက်မှု
လူသိမှာလည်း စိုးရတယ်။
တတ်သလောက် မှတ်သလောက် ရွတ်ဖတ်
လူမသိမှာလည်း စိုးရတယ်။
ဘဝ
ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။
တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။
အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အ
သက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။
နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။
ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။
ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။
အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။
ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။
အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။
ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။
ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။
အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။
ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။
ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။
ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။
လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ
ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..
(ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ) ဖြစ်ပါသည်။
ခရီးသွားနေစဉ် အသစ်မတင်နိုင်သေးပါ
ဒါကြောင့်....ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ကဗျာလေးနှစ်ပုဒ် ပြန်လည်ခံစားခဲ့ပါတယ်။
အဲဒီအချိန် လွန်ခဲ့တဲ့ (၁၂) နှစ် လောက်က
ကျွန်တော်တို့ ရင်ထဲမှာ ကာရန်ကဗျာလေးတွေ လွှမ်းမိုးခံရတုန်းပါဘဲဗျာ။
ခရီးသွားနေစဉ် ။
ဂန္ထ၀င် ကဗျာလေးနှစ်ပုဒ်နဲ့ နှုတ်ဆက်ခဲ့ပါတယ် ငါ့အိမ်လေးရယ်
““ထာဝရ””
ငယ်အလှဆိုတာ
တကယ်ဘ၀ မဟုတ်သေးပါဘူး
အလှတွေ ဝေဆာလို့
ဘ၀နေ အခြေရာကို မေ့ပြီး
မာနကို ကြေငြာလိုက်ပါနဲ့ ကလေးရယ်။
အတွေးမမှားဘဲ
ဝန်းကျင်ကို အလေးထားဘို့ရာ
မေတ္တာသဘောနဲ့
ချစ်စွာသော ကလေးကို
အရေးလေးပြပြီး
ဆေးလေးတစ်ခွက် မျှတာပါ။
ကိုယ့်အတွက်တော့
ဒေါသပဲ ကြီးကြီး
မာနပဲ ကြီးကြီး
အသီးသီးသော အပြစ်တွေပယ်
အချစ်တွေဆယ်ပြီး
တကယ်မငြီးနိုင်တဲ့ အဖြစ်
အချစ်အချစ် ထာဝရ ချစ်နေမှာပါကွယ်။
““ဘ၀ရထား””
တချုန်းချုန်းခုတ်အပြင်း
ဒီရထားတစ်စင်းပေါ်
စီးနင်းလိုက်ပါရင်း
ငြိမ့်ငြောင်းခြင်း အရသာ
ခဏမကြာ တွေ့ထိ
အလေ့ရှိသည် အဟုတ်ကြံ
ဒုက္ခံတွေလည်း ရှိခဲ့ပေါ့။
ပြုသမျှ နုယ
ယခုလှတာ အတိတ်ကောင်း
ပြုသမျှဟာ အနာဂတ်မှာပေါင်း
ကောင်းမကောင်း အကြောင်းရဲ့  စီမံချက်ပေါ့။
ဒီရထား
အမည်စကားတစ်ခုရဲ့  ဘဝ
လှလှဆိုးဆိုး
အမျိုးမျိုးမတွေး
တရေးရေး ပြေးဆွဲ
ဘယ်မလဲ ဘူတာ
လူတကာ သိရင်တော့။
ဝေဒနာ အလွမ်းတွေ ထွေးပိုက် စိတ်ကူးယဉ် အိပ်မက်တွေကိုပဲ နမ်းရှိုက်လို့
အတူနေခွင့်မရှိတဲ့ ဘ၀ တစ်ခြမ်းပဲ့ ပန်းဗေဒါ
နှလုံးသား၊ ဆာလောင်၊ မျိုသိပ်၊ တိတ်တိတ်ကွဲ ကြေ
မှန်အစအနများကြားမှာ မြင်နေရတဲ့ မျက်နှာတစ်ခြမ်း
အထီးကျန်နေ့ရက်တွေကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်ခဲ့ရတယ်
ချစ်ကြောင်း လွမ်းကြောင်း ဂရုတစိုက်ရှိလိုကြောင်း ပြောဖို့ အသံဆာ နှုတ်ခမ်းတစ်စုံ
ဒီလိုဘဲ ပိုးစိုးပက်စက် ဆူလောင်နေတဲ့ အသဲက
နင့်နင့်သီးသီး တုန်ခါနှုန်း အားအင် ပြင်ထန် လေမုန်တိုင်း စိတ်ဆွရာသီ
မြိမြိသွေးထားတဲ့ ဓားတစ်ချောင်း နင့်မျက်လုံးထဲမှာ စိုက်ထောင်လို့
ထိုးလိုက်... ငွေ့  ငွေ့  ပြတ်တောင်းလု အပ်ချည်မျှင် တစ်ပင်ပေါ်မှာ ငါ့ မျှော်လင့်ချက်လေး ရှိတယ်
ငါ ချစ်ဆိုရင် ချစ်လို်က် ငါခေါ်ရင် လာခဲ့လိုက် အလုပ်ကိစ္စ အကြောင်း အဆိုမတင်သွင်းနဲ့
တိုးလိုက်...ငါ လှန်ဆိုရင် လှန်လိုက် နင် အစကတည်း ဘာမှ ၀တ်မထားတာ ကောင်းတယ် နှလုံးသားကို
နှစ်ယောက်သား အချစ်ကို ကိုယ်းကွယ် နေကြမယ် ပီးမှ ဘာလေးညာလေး လာမဆစ်နဲ့ 
အဲဒီလိုမျိုး ရွပိုးထိုးအောင် ငါ မျှော်လင့်မိပေမဲ့ မျှော်လင့်မှုမှာ ဂက်အိုးပေါက်ကွဲ
အခုတော့ ပုရွက်ဆိပ်တွေ ၀ိုင်းကိုက်ခံနေရတဲ့ ထန်လျက်ခဲပေါ်မှာ အသဲ တစ်စုံ ပိုးစိုးပက်စက်
ဒီလိုဘဲ အဖြေညှိလို့ မရတဲ့ အလေအလွင့် ဆာလောင်မှု နွံအိုင်အောက်မှာ
လာ ငါ့လူ ပေါက် ကွဲမှုတွေ လျော့လာအောင် အက်တာနက်ဆိုင်က ကွန်ပျူတာတွေ အကုန်ပေါက်ခွဲမယ်
လာ ငါ့လူ ပေါက် ကွဲမှုတွေ လျော့လာအောင် ကြိုးကျဲနေတဲ့ ပလက်ဖောင်းတွေ အကုန်ပေါက်ခွဲမယ်
လာ ငါ့လူ ပေါက်ကွဲမှုတွေ လျော့လာအောင် သောက်မရတော့တဲ့ ဘီယာခွက်တွေ အကုန်ပေါက်ခွဲတွေ
လာ ငါ့လူ ပေါက်ကွဲမှုတွေ လျော့လာအောင် အမြည်းမပါတဲ့ ပန်းကန်ပြားတွေ အကုန်ပေါက်ခွဲမယ်
လာ ငါ့လူ ပေါက်ကွဲမှုတွေ လျော့လာအောင် မချစ်တတ်တဲ့ ကောင်မလေးတွေရဲ့  အသဲနှလုံးတွေ အကုန်ပေါက်ခွဲမယ်
ဒီလိုဘဲ လေထွက်နေတဲ့ စိတ်က လူးလူးလွန့် လွန့်  ရင်နာခွင့် မရှိအောင်ကို နာကျင်နေတယ်။
စာမကျက်ချင်ပေမယ့် ကျောင်းသားပဲ လုပ်ချင်နေခဲ့တယ်
မုန့် ဖိုးတောင်းလို့ လွယ်သလိုလို ဘာလိုလို ညာလိုလို ဟိုဟာလိုလို ဒီဟာလိုလို
လူကြီးလုပ်ဖို့ အသက်ကြီးရမှာ ကြောက်ကြောက်နေခဲ့
လူကြီးလိုလို ကလေးလိုလို လိုလိုတွေနဲ့ လော်လီနေဆဲလူ။
ဆန်တစ်ခွဲ မရချင်နေ သူများအကြောင်း မပြောပဲ မနေနိုင်
ကဗျာဆရာတစ်ယောက် အရက်မူးပြီး ပန်းကန်ပြားတစ်ချပ် ပေါက်ခွဲ
စသဖြင့် ပါးစပ်က သွေးသံရဲရဲ ညှီဟောက်နေတဲ့ အန်ဖတ်တွေကို အန်နေရတဲ့ အရသာ
စိတ်က လိုချင်မှုနဲ့ ခါးစပ်နေရမှ။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါ အင်တာနက်ပေါ်ကိုပဲ တက်တက်မျှော်မိ
ကဗျာတွေကို အပြိုင်ရေဖျန်းကြ ဒီဇိုင်းတွေ ပြိုင်ဆွဲကြ
ဟီ..ဟိ.. လို့ ရယ်ရယ်နေတဲ့ ဘလော့တွေကို ပါးပိတ်ရိုက်ချင်တယ်
နင် ငါ့ကို ချစ်လား yes/no
အချစ်က ချက်စားလို့မှ မရတာ။
လူစွမ်းမပြနိုင်လို့ကတော့ လူ့ အသင်းအပင်းက အရွေးချယ်ခံရမှာမဟုတ်
တအိအိပျော်ကျနေတဲ့ ရေခဲတုံးကြီးကို စိတ်က စိုးရိမ်တကြီး ဖက်တွယ်ထား
အပျင်းပြေ ရေဒီယိုနားထောင်ဖို့ ဓာတ်ခဲက အားမရှိ
အနာဂတ်မိုးက မထိတထိ ရွာနေ။
ငါတို့ ချစ်ခဲ့ကြတုန်းက
အဖြေပေးပြီး နင် ထွက်ပြေးတယ်
လှည့်အကြည့်မှာ အရှက်တရား မိုးဖွဲဖွဲလေးများ ရွာချ
ချစ်တယ် ရှက်တယ် ကြောက်တယ်။
ငါတို့ချစ်ခဲ့ကြတုန်းက
နှင်းဆီပန်းတွေထက် လှပတဲ့ အပြုံးတွေ
လေတိုက်တဲ့အခါ စောင်အတူခြုံကြ
မချစ်ဘဲ မနမ်းကြေး။
စပယ်ပန်းလေးတစ်ပွင့်
နင့်မျက်နှာလေးလို နုအိလို့
ငါ့နှာခေါင်းက ငါးရံ့ တစ်ကောင်လို ထိန်းရခက်။
ငါတို့  ချစ်ခဲ့ကြတုန်းက
တစ်ယောက်ချင်းစီရဲ့  နာမည်တွေကွယ်ပျောက်
စွယ်တော်ရွက်လေးတစ်ရွက်လို တစ်ဘ၀တည်း ထပ်နေခဲ့ကြတယ်။
ရေအေးအေးနဲ့ မျက်နှာ သစ်
ဘ၀မှာ ဒီလို အေးအေးချမ်းချမ်းနေရရင် အကောင်းသား
ရေကန်ထဲမှာ အတွေးစများကို လှမ်းမြင်နေရ
““လူ နတ် ဗြဟ္မာ သတ္တ၀ါတို့
သဒ္ဓါကွန့်မြူး ပူဇော်အထူး ကို
မျှော်ဖူး ဦးခိုက် ခံယူတော်မူထိုက်သော မြတ်စွာဘုရားအား
အေးမြ ကြည်လင် သန့်ရှင်း စင်ကြယ်လှသော
ဤသောက်တော်ရေချမ်းကို ဆက်ကပ် လှူဒါန်းပါ၏ ဘုရား””
ပဲပလာတာ ဆိုင်တစ်ပွဲ ပါဆယ်တစ်ပွဲ
ဘောလုံးပွဲတွေ အကြောင်း အငမ်းမရ ကုတ်ခြစ်
အရည်မရ အဖတ်မရ ကွမ်းယာ ၀ါးသလို
တောင်သွား မြောက်သွား လျှောက်သွားဖို့
တောင်လုပ် မြောက်လုပ် ရှောက်လုပ်ကြည့်
စပွန်ဆာကိစ္စ အဆင်မပြေ
For lunch ခပ်လန့်လန့် နေ့လယ်စာ
စိန်ခေါ်ရင် တိမ်ပေါ်ထိ တက်ရမယ်
ကင်းမြီးကောက် ဘုရင် ။ ကိုလံဘတ် နဲ့ ကြက်ဥ ရှာပုံတော်
ငါ့ညီမလေးက မင်းအရင် နိုင်ငံခြားကို ရောက်မယ်တဲ့။ အေး။ ကောင်းတယ်။
နင့် ချက်တိုင်မှာ မှဲနီလေးပါလား
မနေ့က ဖုန်းဆက်ထားတဲ့ ညီမလေးထံ ဒီနေ့ ဖုန်းမဆက်ဖြစ်
အိမ်ကို မနက်မှပဲ ပြန်တော့မယ်
အမေ့ရဲ့ အတင်းအဖျင်းတွေ မပြောကြပါနဲ့
မော်နီတာထဲမှာ အတွေးစများကို လှမ်းမြင်နေရ
ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-
၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။
ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်
တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူ
(မေးထဲမှ ရတဲ့ ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေးမှ ထုတ်နှုတ်တင်ပြပါတယ်။)
နေ၀င်နေပြီ
ပြတင်းပေါက်နဲ့ ပလက်ဖောင်းတွေပေါ်မှာ
မပြီးမစီးသေးတဲ့ တိုက်ခန်းအိမ်ကြီးရဲ့ ထက်ဝန်းကျင်
ကျီးတွေက တ အ..အ
ဒီညနေ ပိုပြီး ခံစားရခက်နေသလိုဘဲ
ငှက်မြီးတွေက တ၀ဲဝဲ
အထီးကျန်တဲ့ ငါ့ဘ၀က ရှည်လျား
အိပ်တန်းဝင်ဖို့ အိမ်မပြန်ချင်ဘူး
အလွမ်း အလိုမကျမှုနဲ့ ဂျင်ပေါက်သလို လည်နေတဲ့စိတ်က
ငါ့ ဦးနှောက်အာရုံကြော တည့်တည့် ကျောက်ချနေလေရဲ့။
မြန်မြန်ရိုက် မြန်မြန်တင်
မြန်မြန်ချက် မြန်မြန် call
မံဘာ ရိုးရိုး မနိုင်ဝန် အင်တာနက် အသုံးစရိတ်
သူငယ်ချင်းရေ
မင်းနဲ့ ငါနဲ့ တောင်ပံတွေ တတ်ဆင်ပုံချင်း မတူညီဘူး
ဘန်ကောက်မှာ ဘာအလုပ်ရှိသလဲ
နယူးယောက်ကို မျက်စောင်းထိုးနေတယ်
မအားတဲ့ အခါ စက်မကောင်းဘူးလို့ပြောလိုက်တယ်။
ဘ၀မှာ ကွန်နရှင်း အမြဲတမ်းကျနေခဲ့
နင်ကော ဘာတွေလုပ်နေလဲ
လှနိုင်သလောက် အစွမ်းကုန် လှနေပါစေ
ပိုက်ဆံချေးမယ် ထင်ပြီး အသံတုန်မသွားပါနဲ့
အလကား စတာပါ ခွန်အားကို ဆွဲဆန့်နို်င်သမျှ ဆွဲဆန့်ထားတယ်
ငါတို့ လေ့ကျင့်ခန်းထဲက မကြာခင် ထွက်ရတော့မလား
နေမ၀င်ခင် လထွက်လာမှာ ကြောက်တယ်
ညရဲ့ အလှကို လွတ်လွတ်လပ်လပ် ခံစားချင်သေးရဲ့
ငါတို့ နောက်တစ်ခါ ထပ်တွေ့နိုင်မှာပါ။
ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။ ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက် အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲရပါလေပြီ။
"ချိုရယ် မင်းရဲ့အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများ
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏ ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါ
သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်
"ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့
"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ ကိုယ်တို့ မွတ်စလင် ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှ
"အကိုပဲလက်ထက်ပြီးရင်ချို့အလို
"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊ ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာ
အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့
"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့ တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ မြေးဦးသင်္ကန်းချီရတော့မှာဆိုတော
အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍ တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ ကလေးကိုကောက်ယူပွေ့ချီချော့မြူေ
........*................*....
အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင် ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍ ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"
"ဟင်...အမေဘာလုပ်မိလို့လဲ"
"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင် မြင်လိုက်လို့ပေါ့"
"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။ ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသာြး
"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော မင်းမပြောရင်ငါပြောရလိမ့်မယ်။"
"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြော
မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာ တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက် နာကျင်မှုတို့ရောစွက်နေသောဒေါ
သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့ သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင် ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့ေ
"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊ နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိ
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိ
"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်း
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။
ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့် အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု
အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည် ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင် တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ သူမပါဝင်စမြဲ။ ကွမ်းတောင်
ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွ
*................*...........
ဤခုနှစ်ဆူကုန်သော......မြတ်ဘုရာ
သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။ ရွာကိုပို၍သတိရမိသည်။
သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့် ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။
ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်ြ
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့ ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍ ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။
..............................
"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခြံ
သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍ ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့ ကိုရင်များကိုခပ်တွေတွေကြည့်ေ
"အရှင်ဘုရား တပည့်တော်.......?........မွတ်
တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။ ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍ လှည့်ပြန်သွားကြလေပြီ။
အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေြး
ငိုရှိုက်ပစ်လိုက်သည်။
.......*.........*............
တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်
"ဟင်-ငါရွှေတိဂုံဘုရားကို အိမ်မက်မက်နေတာပါလား။ သြော်....မချိုရယ်.. ဘုရားက ညည်းကို အမြင်မှန်ပြနေပါလား။ ချစ်သမီးက ကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားေ
သူမတီးတိုးစွာရေရွတ်မိသည်။ မိုးစင်စင်လင်းသွားသည့်တိုင် ဆက်၍အိပ်မရတော့။ မြင်သိစိတ်၏အာရုံမှာ အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ ပုံတော်မြင်ကွင်းက ဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့် သားလေးကိုခေါ်ကာ ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင် သွားခိုက်ဖြစ်၍ အိမ်တံခါးကို ပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့ နောက်ပြဿနာနောက်မှ ကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲ စေတီတော်မြတ်ကြီးက ဆည်းလည်းသံကလုံကလင်များဖြင့် နွေးထွေးစွာကြိုဆိုလျှက် ရှိ၏။ ဤစေတီတော်မြတ်ကြီးအား သူမတသက်တာဖူးခွင့်မရတော့ဟု ထင်မှတ်ထားခဲ့ရာ ယခုတော့ စွန့်စွန့် စားစား ဖူးမြင်ခွင့်ရလိုက်သောကြောင့် စိတ်ကြည်နူးချမ်းမြေ့မှု အပြည့်ဖြင့် အားပါးတရရှိခိုးပူဇော်လိုက်သည်။ သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်ေ
"အမား...ဘာလုပ်နေတာလဲဟင်"
အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"သြော်--သားသား--အမားဘုရားရှိခိ
သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိ
"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း ..........
..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။
သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု မှတ်ယူလိုက်သည်။
..............**------**-----
ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက ဆန့်ကျင်ဘက်ဖြစ်လွန်းသော စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။
"ချို-သားလေးကိုကိုဝတ်ကျောင်းေ
"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေး
"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ြ
ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။
.....................**.......
သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို အရေးတကြီး ခေါ်သံကြားလိုက်ရသည်။
"မချို-----မချို----မချို"
"ဟဲ့----အီမန်ဘာလို့ဒီလောက်အရေး
"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် အစ်မတို့ကလေး ကားတိုက်ခံရလို့ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"
"ဘာ..သားလေးကားတိုက်ခံရလို့"
သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။ ဆေးရုံကိုအမြန်ဆုံးလိုက်သွားလို
"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။ ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။ ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"
သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့် သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်
"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့ ငါအားလုံးသိပြီးပြီ။
သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွား
"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလြာ
"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်း ပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက မွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။
သူမရယ်သွမ်းသွေးရင်းပြန်လည်ချေ
"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။ ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီေ
"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ ပြန်ပြောင်းတယ်ပေါ့"
"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေး
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။
သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍ သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့် သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။ ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။
......xxxxxxx...............
"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့ အချိန်မှာ ငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲ လောကီကိုစွန့်ခွာသွားတဲ့သီလရှင်
နင်တို့ရဲ့သူငယ်ချင်း
မချို
...........xxxx..............
စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန် မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏ နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။
သင်္ဘောများဥဒဟိုသွားလာနေသောရန်ကု
------------------------------
ကျေးဇူးတင်ပါသည်။
(ဤ၀တ္ထုတိုလေးသည် အဖြစ်ပျက်မှန်တစ်ခုအား အခြေခံပြီး ခံစားရေးဖွဲ့ထားသော ၀တ္ထုတိုတပုဒ်ဖြစ်ပါသည်။)
အီးမေးမှ ရသော ၀တ္ထုတိုလေးကို တင်ထားခြင်းဖြစ်ပါတယ်။
ဒဏ္ဍာရီထဲက ချစ်သူတွေက
ငါတို့လောက် ချစ်ချင်မှ ချစ်ကြမှာပါ
လူလစ်တိုင်း “ချစ်တယ်”လို့ ဖုန်းထဲကနေ နင် ခိုးခိုးပြောတတ်နေပြီ
လေညှင်းသဲ့သဲ့ တိုက်သံကြားတိုင်း နင့်အသံလို့ ငါ ထင်တတ်နေပြီ
ဘယ်လောက် ဝေးနေရဦးမှာလဲ
တွေးလိုက်တိုင်း နစ်နေအောင် ပြုတ်ပြုတ်ကျသွားတဲ့စိတ်
ဟိုးအဝေးဆုံးသို့ လွင့်မြောသွားတဲ့ ၀ိညာဉ်များ
နင်နဲ့ ငါနဲ့ ကြားမှာ ပင်လယ်တွေ တောအုပ်တွေ အများကြီး ခြားနေတုန်း
မိုးကုတ်စက်ဝိုင်း အနားသတ်နားက တိမ်မိသားစုလေးအောက်မှာ နင် ထိုင်ငေးနေသလား။
၂။ ကောင်းကောင်းနေနော်လို့ နင် မှာလွှတ်လိုက်တယ်
နင့် အင်္ကျီ အသစ်စက်စက်လေးကို ငါ တစ်ယောက်တည်း ၀တ်ဖို့
သော့ခတ် သိမ်းဆည်း ထားပေးပါ။
၃။ သိပ်ချစ်တဲ့ အကြောင်းလေးတွေ
လေညှင်းနဲ့ အတူ သယ်ဆောင်လာခဲ့မယ်ဆိုရင်
ငါ့ နှာခေါင်းနဲ့ သင့်တော်ပါ့မလား
အခု အောက်ဆီဂျင် မလတ်မဆတ်တွေ ရှူနေရတယ်
အဝေးဆုံးသို့ ထွက်ခွါခဲ့ရသူ
အဝေးဆုံးသို့ ပြန်လာချင်လှပြီ
မင်းရဲ့အနီးမှာ။
၎။ တစ်နေ့ ပြန်လာခဲ့မှာပါ
လေယဉ်စီးတဲ့ ငှက်တစ်ကောင်လို
၅။ ခံစားရတာလည်း ရူးချင်စော်နံတယ်
လွမ်းရတဲ့ နေ့တွေ ညတွေ အကြောင်းပြောဖို့
မင်းနားရွက်လေး အဆင့်သင့် ဖြစ်နေလား
သီချင်းလေးရေ လမ်းကြုံရင် ၀င်ပြောပေးပါ။
ဘ၀ဆိုတာ သစ်ရွက်ပေါ်က ပျားရည်စက်
သေရမှာ ကြောက်စရာလား
မိုက်ကယ်ဂျက်ဆင်၏ ရုပ်အလောင်းကို စက်တင်ဘာ (၃)ရက်နေ့တွင် မြှုပ်နှံမယ်
အမေရိကမှာ သူငယ်ချင်းရှိရင် ပိုက်ဆံနည်းနည်း လှမ်းချေးမယ်
မြန်မာနိုင်ငံအနေဖြင့် အကောက်ခွန်နှုန်းထားများကို
သုညရာခိုင်နှုန်းသို့ ၂၀၁၅ ခုနှစ်တွင် လျှော့ချသွားမယ်
ဘ၀တစ်ခု ရပ်တည်နိုင်ဘို့ဆိုရင်
ဗုဒ္ဓအဘိဓမ္မာအရ မှီစရာ လိုအပ်တယ်
မိုးရွာရင်းတန်းလန်း နေပူလာနိုင်တယ်
ထီးတစ်ချောင်းအမြဲဆောင်ထားမယ်
နိုင်ငံရေး အကျပ်အတည်းကြောင့်
ထိုင်းစီးပွားရေး ပြန်လည်ဦးမော့ရန် နှောင်းနှေး
ထော်လာဂျီများ အသုံးပြုများလာခြင်းကြောင့်
နွားလှည်းလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ
နေ့တိုင်းစားနေရတော့ မြစ်ထဲမှာ ငါးတွေလည်း နည်းနည်းလာပြီ။
အာဖဂန် ပြည်သူများရဲ့ မျှော်လင့်ချက်
မဲမပေးဖို့ ခြိမ်းခြောက်တဲ့ တာလီဘန်များ
မော်ဒယ်တွေ ဘီယာသောက်ရင် ၀ါးရင်းတုတ်နဲ့ ခြောက်ချက်ရိုက်သင့်တယ်။
တစ်ယောက်မှ မသေဘူးဆိုရင်
လူတွေနဲ့ ပြည့်ညှပ်လာလိမ့်မယ်
လူတစ်ယောက်မှ မရှိရင် ပြဿနာတစ်ခုတောင် မဖြစ်နိုင်
အင်္ဂါ င်္ဂြိုဟ်ကြီး ဖောက်ပြန်လာနေပြီ
တစ်ကမ္ဘာလုံးရှိ ကွဲပြားဖောက်ပြန်မှုများကို
ဘောလုံးတစ်လုံးလို လုံးထားရမယ်
ပြီးတော့ ဝေးသထက် ဝေးအောင် ကန်ထုတ်လိုက်
နားလည်မှုရှိရင် ရှိသလောက်
တစုတဝေးတည်း သီချင်းဆိုခွင့်ရမယ်။
အသင့်ချုပ်ပြီး အင်္ကျီ။ ကိုယ်တိုင်း အင်္ကျီ ။
ပိတ်စဆိုင် ရောက်သည် ။
အရောင်နှင့် အဆင်း ။ ကိုက်။ အပ်ချုပ်ဆိုင်
တိုင်းတာသည်။ ရေးသည်။ ရက်ချိန်းပေးသည်။
ငွေလက်ခံဖြတ်ပိုင်း။ စရံငွေ ။ ပြန်အမ်းငွေ။
ကြယ်သီးဖြုတ်သည်။ စမ်းဝတ်ကြည့်သည် ။
ကြေးမှုံမှန် ။ အနေတော် ။ ချွတ်သည်။ ခေါက်သည်။
ဖြည့်သည်။ ဖြည့်ပေးသည်။ ယူဆောင်လာသည်။
နှုတ်ခမ်းတိုက်ဖြစ်စေသည်။ အုပ်သည်
အတောအတွင်း ။ အဆင်သင့်မဖြစ်သေး။
အကောင်းဆုံးဖြစ်အောင် လုပ်သည်။ ဆက်လုပ်သည်။
အ၀တ်လဲ။ ဘီးဖြီး။ ပြင်ဆင် ။ လှသည် ။ လှတော့မည်။
( Every day short Talk English မှ စကားလုံးများဖြင့် ဖွဲ့စည်းထားပါသည်)
အကယ်၍ မင်းနဲ့ ငါ
ချစ်သူ မုန်းသူ
မုန်းသူ ချစ် သူ
ရင်ထဲမှာ ဒိန်းဒိန်း
ဘာပဲဖြစ်ဖြစ် နှုလုံးသားတွေ ပြာကျသွားနိုင်တယ်။
အကယ်၍ မင်းနဲ့ ငါ
ငါ ချစ်သလောက် မင်း လိုက်မချစ်နိုင်ဘူးဆိုရင်
ငါ ပူဆွေးသောက ရောက်ရတယ်
ငါ ချစ်သလောက် မင်းလိုက်ချစ်နိုင်ခဲ့ရင်
မင်း ပူဆွေးရလိမ့်မယ်။
အကယ်၍ မင်းနဲ့ ငါ
သူ့စိတ် ကိုယ့်စိတ် မတိုက်ဆိုင်သေးသရွေ့
ဝါ
ငါ့စိတ်တွေ မင်းဆီမှာ မင်းစိတ်က တခြားဆီမှာ
ဘာမှကို ပျော်စရာမကောင်းဘူး
ထို့ကြောင့်
အချစ်သည် လေပွေ။
အကယ်၍ မင်းနဲ့ ငါ
သူ့စိတ် ကိုယ့်စိတ် တိုက်ဆိုင်ရင်
ဝါ
ငါ့စိတ်တွေ မင်းဆီမှာ မင်းစိတ်က ငါ့ဆီမှာ
မိုးမမြင် လေမမြင် မီးတွေ လောင်ကြမယ်
ထို့ကြောင့်
အချစ်သည် မီးတောက်။
အကယ်၍ မင်းနဲ့ ငါ
အချစ်ရေ မင်းကိုမြင်လိုက်တိုင်း
နှလုံးသားတွေ တဆတ်ဆတ်တုန်
ငါ့ကျောတွေ စပ်ဖျင်းဖျင်းနဲ့ ချမ်းလာတယ်။
ထို့ကြောင့်
အချစ်သည် ကျောစပ်အောင် ရိုက်နိုင်တဲ့ ကြာပွတ်။
အကယ်၍ မင်းနဲ့ ငါ
ပြုစုယုယမှုတွေကို သာယာလက်ခံနေခဲ့ရင်
ငါက မင်းကို မင်းက ငါ့ကို စွဲလန်းမိလိမ့်မည်
ထို့ကြောင့်
အချစ်သည် နွယ်တစ်ပင်။
အကယ်၍ မင်းနဲ့ ငါ
ပြုစုယုယမှုတွေကို မသာယာခဲ့ဖူးဆိုရင်
ငါက မင်းကို မင်းက ငါ့ကို မေ့တန်သလောက် မေ့သွားနိုင်သည်
ထို့ကြောင့်
အချစ်ထက် ဥပေက္ခာက သာ၍ကောင်းမည်။
အကယ်၍ မင်းနဲ့ ငါ
ဘာမှမတော်စပ်ဘူး ဘာမှမဖြစ်ဘူး ဘာမှမသိဘူးဆိုရင်
ဘာမှ တွေးစရာမလိုပြီ
ထို့ကြောင့်
ဥပေက္ခာထက် ဘာမှမသိခြင်းက သာ၍ ကောင်းမည်။
အကယ်၍ မင်းနဲ့ ငါ
ဘာမသိသူသည် ဘာမှမသိသူသာ
ဘာမှ မသိသူကို မျက်စိမှိတ် ချစ်နေခဲ့ပါက
နှလုံးသားကို ကြေစည်ထုခံရလိမ့်မည်
ငါ့နှလုံးသားသည် ကွဲအက်မခံနိုင်
ထို့ကြောင့်
အချစ်သည် မုန်းရခက်ကြီး။
အကယ်၍ မင်းနဲ့ ငါ
ညသည် တိတ်ဆိတ်နေသလို
အချစ်သည် နားလည်တတ်မှ
နှလုံးသားသည် ငြိမ်သက်တိတ်ဆိတ်စွာ ကိန်းဝပ်တည်ရှိရ၏
နင်သည် ငါ့ကို နားမလည်
ထို့ကြောင့်
အချစ်သည် နားလည်မှုသက်သက်။
အကယ်၍ မင်းနဲ့ ငါ
လူ့ဘ၀သည် အနိစ္စ
အချစ်သည် ထာဝရဖြစ်ဖို့
တစ်ယောက်ကို တစ်ယောက်နားလည်ကြရင်
အချစ်သည် ပျော်စရာ။
အကယ်၍ မင်းနဲ့ ငါ
လူ့ခန္ဓာသည် အနတ္တ
အချစ်သည် အစိုးတရဖြစ်ဘို့
တစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် ချစ်ကြရင်
အချစ်သည် ရင်ခုန်စရာ။
အကယ်၍ မင်းနဲ့ ငါ
ဘ၀သည် ဒုက္ခ
အချစ်သည် စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ဘို့
လွတ်လပ်စွာ စောင့်ရှောက်ခွင့်ရရင်
အချစ်သည် ငြိမ်းချမ်းမှု။
အရူးမရဲ့ ကိုယ်ဝန်လို
ရှင်းမပြနိုင်စရာ
အနုပညာတွေနဲ့လား
အိတ်ထဲကို လက်လျှိုလိုက်တော့ ဗလာ
ဘ၀ထဲကို ခေါင်းထိုးလိုက်တော့ ဗလာ
ကမ္ဘာထဲကို တစ်ကိုယ်လုံး ၀င်လိုက်တော့ ဗလာ
so hollow
အဲဒီဟောင်းလောင်းပေါက်
ငါကြောက်လာတယ်။
ANDY WARHOL တို့ ကမ္ဘာမှ (သုခမိန်လှိုင် မြန်မာပြန်) ကဗျာဖြစ်ပါတယ်။ မူးရင်းကဗျာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ှSo Hollow
like the mad girl's pregnancy
is it full of arts that are
inexplicable?
putting your hand into the bag-nothing
throwing your head into the life -nothing
pushing your whole self into the world-nothing
so hollow
that hollow emptiness
i come to fear
တစ်နေကုန် မအီမသာနဲ့
နေရထိုင်ရတာ လူ့ဘ၀ သရုပ်ပေါ်လွန်းခဲ့
ပါးလျှ ညို့မှောင်နေးတဲ့ ဇာပ၀ါ တစ်ထည်လို
ဝိညာဉ် အသေတွေ တအိအိရွေ့လျား
ခဏတစ်ဖြုတ် အလုပ်နားတုန်း
မနေတတ်မထိုင်တတ်မို့ ရေဒီယို ဖွင့်ကြ ည့်မိတော့
“ နာဂစ်ဒဏ်သင့်ဒေသမှ ကလေးအယောက်ရှစ်ဆယ်
လူကုန်ကူးမှုမှ ကယ်တင်နိုင်ခဲ့ကြောင်း”
အားလုံးအတွက် တိုးတက်ဖို့ ပြန်လည်ထူထောင်နိုင်ဖို့
သတိတရ တွေးကြည့်မိသေးရဲ့
လူတွေ အများကြီးနဲ့ နေရပေမဲ့ လူတွေနဲ့ ဝေးနေရတဲ့ ဘဝ
ကြီးပွား တိုးတက်ဖို့ အထူးတလည် စဉ်းစားမိတဲ့နေ့မှာ
မကြီး မပွား မတိုးတက်ပဲနဲ့ သေးပြီး ပုသွားရတဲ့
ရေခဲသေတ္တာ တစ်လုံးအကြောင်း
ကံကြမ္မာကို ခွဲစိတ်ကြည့်ရမှာလား
ရင်ဘတ်တွေကို တူးဖော်ကြည့်ရမှာလား။
ဟိုဟိုဒီဒီလျှောက်ရင်း ရွှေဆိုင်တစ်ဆိုင်ထဲရောက်သွား
လက်ချည်းပြန်ထွက်ခဲ့ရင် မကောင်းတတ်လို့
ရွှေတစ်ပိသ်သာလောက်တော့ ၀ယ်လိုက်ချင်ပေမဲ့
ပြန်မရွေးနိုင်သေးတဲ့ တစ်မတ်သား ဆွဲကြိုးလေးကို ရိပ်ခနဲမြင်မိ
ကျောက်စိမ်းတင်ပို့မှု တချို့လည်း ပိတ်ခံလိုက်ရ
နေရောင်တို့ ပုန်းကွယ်ကုန်ကြပြီ
ငါ ဘယ်မှာ သွားပုန်းနေရင် ကောင်းမလဲ
ကွမ်းတစ်ယာလောက်တော့ အမူးဝါးလိုက်ချင်ရဲ့
မီးရောင်အောက်မှာ စောင့်ကြည့်ဂျာနယ်ကို
ခဏတဖြုတ် စောင့်ကြည့်မိတော့
“အနုပညာရှင် (၃၀) ဦး မူးယဇ်ဆေးဝါး ကိစ္စ
ရုံးထုတ် စစ်ဆေးမည့် သတင်း မှန်/မမှန် ခွဲခြားသိနိုင်”
“သုခုမ၏ ဒါနပွဲသဘင်နှင့်
မိုးမင်းပြောသော (လေဘေး) ဇာတ်သဘင်အလှူဒါန”
“ဦးပဉ္ဖင်းများလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီလှူဒါန်း”
boa-မှ ဆရာမောင်သာရကတော့ တိုက်တွန်းသွားတာပဲ
“ဇေနန္ဒာ ချိုင်နယ် သတင်းဌာနတစ်ခု ထူထောင်ဖို့”
လူတွေ ဘာလို့ အိပ်ကုန်တာလဲ
ညရောက်ရင် အိပ်ဖို့ ဆိုတာကို ဘယ်မသာသတ်မှတ်ခဲ့တာလဲ
ညဆိုတာ
မလွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံနီးပါး မည်းမှောင်တယ်
အိပ်မနေကြနဲ့
ညဆိုတာ
တွင်းနက်ကြီး တစ်ခုနဲ့တူတယ်
ငါ ခုန်မချချင်ဘူး
အား ...
တစ်နေ့တာ ကူးခတ်မှု
ဘယ်လောက်မှန်သလဲ ဘယ်လောက်မှားသလဲ
မသိဘူး ၊ သတ်ပုံကျမ်း မကြေဘူး
(၂၀၀၈၊ ၇ လပိုင်းက ကဗျာလေးပါ)
ဝတ် မှုန် ကူးဖို့ စိတ်ကူးကြည့်မိလိုက်တိုင်း
ရည် ရွယ်သူ ကောင်မလေးက
ခင် ခင်မင်မင် မက်မက်မောမော မရှိလေတော့
ကောင် လေးတစ်ယောက်လည်း ကောင်းကင်တစ်ခုလုံး တိမ်တွေ ဖုံးလွမ်းသလို
မ လန်းမဆန်း ဖြစ်သွားခဲ့ရတယ်။
လေး လေးစားစား မရှိတဲ့ မင်းအခင်အမင်ကြောင့်
တစ် ဆို့ ဆွံ့အနေတဲ့ မျှော်လင့်ချက်က
ယောက် ယက် ခတ် တိမ်စိုင်တွေကြားမှာ
အ သည်းဟက်တက် သွေးအစက်စက် ငါ့ဝိညာဉ်တွေ
ကြောင်း ကျိုး မညီညွတ် နိုင်တော့ဘူး။
လက ပြည့်ပြည့်၀၀
လူက ပြားချပ်ချပ်
လက်က ပိုက်ဆံမရှာတတ်ဘူး
သံဃာတော်တွေ နေရာ အသီးသီးမှတ်ပြီး ၀ါဆိုကြတော့မယ်ဆိုပဲလေ
ငါတို့တွေ ဘယ်မှာ ဘာဆိုကြမလဲ
ဘယ်သူလွှင့်လို လွင့်နေတာလို့
မြို့က ဝေတာလား တို့က လေတာလား
လတိုင်းလတိုင်း လွင့်နေအောင်ကို လွမ်းမိတယ်
အလွမ်းတွေက မီးခိုတွေလို လွင့်ပျံနေပြီး အသံတွေလို ကြားနေရရဲ့
လွမ်းမယ့် လွမ်းတော့လည်း
လောက်လောက် လားလား လင့်စင်ပေါ်တက်ပြီး
လူလိမ့်ကာ လွမ်းလိုက်ချင်ရဲ့
အိမ်ထောင်ပြုမယ်ဆိုလည်း
ခွဲနေရမယ့် အရွယ်ရောက်ပေါ့
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
အချစ်က ငယ်တယ် ချောတယ်
အချစ်က ရွှေငါးလေးတစ်ကောင်လို
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ကျော့ရှင်းလွန်းလှတယ်
အချစ်က ဆူးထောက်ခွလေး ဂျင်းဘောင်းဘီ ၀တ်ပေးထားသလို
ဆိုင်ကယ်ကို မြင်းလုပ်ပီး စီးနေတဲ့ အချိန်
အချစ်က ပိုလှတယ်
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
အတွင်းကျကျ မသိရပေမယ့်
အချစ်က က နေတဲ့ ဒေါင်းမလေးလို
စိတ်ကစားပြီး ကော့နေတတ်တဲ့ ညနေခင်းတွေမှာ
အချစ်က ပိုလှတယ်
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ပုထုဇဉ်ပီပီ
အချစ်က လူးလူးလွန့်လွန့် ငါးရံ့ မလေးလို
ပလူးပလဲ ကူးခတ်နေတဲ့အချိန်
အချစ်က ပိုလှတယ်
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
စက်စက်ယိုလောက်အောင် အလှတွေ တိုးပြီးရင်းတိုး
အချစ်က နွားမတန်းမလေးလို
ပုရိသတွေ အာရုံစူးစိုက်မှု ခံနေရချိန်မှာ
အချစ်က ပိုလှတယ်
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ပုထုဇဉ်ပီပီ
ခြေအစ ခေါင်းအဆုံး
အချစ်ကို ၀ါးမျိုပြစ်ချင်နေတဲ့ မြွေ တစ်ကောင်လို
ငါ့မှာ ရမ္မက်တွေ ထကြွ နေချိန်
အချစ်က ပိုလှတယ်
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ကဗျာရေးဖို့ ကြိုစားကြည့်မိတယ်
စိတ်က ရင်ဘတ်တစ်လုံးကို ၀ါးမျို ထားခဲ့
ဆူဝေ တိတ်ရှ အသားတဆတ်ဆတ်တုန်
ငါ ငိုနေတာတော့ မဟုတ်ဘူး
စာပေစိစစ်ရေး
စာမူ ခွင့်ပြုချက် နံပါတ်အတု
မတင်ကို မတင်ထားရသေးတဲ့ မျက်နှာဖုံး ခွင့်ပြုချက် နံပါတ်
အတု အစစ် ခွဲမရတဲ့ စာအုပ် တစ်အုပ်
တကယ်တော့ အနုပညာကို ထုဆစ်ကြည့် မိတာပါ
တကယ်က ရင်ဘတ်ကို ထုဆစ်ခံလိုက်ရတယ်
ကဗျာမဆန်တဲ့ လူ့ယဉ်ကျေးမှု
ကဗျာမဆန်တဲ့ အတွေ့အကြုံ
မိုးရွာတယ် ရေအေးတယ် လေအေးတယ် စိတ်ပူတယ်
ခံစားမှုက ခံစားမှု နေရာမှာ အေးအေး မခံစားဘူး
လောင်စားကွင်းထဲ စိညစ်တမ်း ကစားနေလေရဲ့
စာပေစိစစ်ရေးမှ အပြန်တွင်
အာ ဂ ယောက်ျားကောင်းတွေ ဖြစ်ခဲ့ကြတယ်
ဇာ တ် လမ်းကောင်း တစ်ပုဒ်ပါပဲ
နည် နီ ရဲရဲ သွေးစက်တွေ အစက် အစက် ကျ
နေ့ တစ်နေ့ဟာ ဘယ်တော့မှ မဟောင်းနွမ်းတော့ဘူး
(သာရလင်း)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
ဗိုလ်ချုပ် အောင်ဆန်း
ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။
သခင် မြ (၁၈၉၇ - ၁၉၄၇)
သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။
ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။
ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။
၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီ
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။ ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။
ဘယ်တော့မှ နောက်ထပ်မပေါ်ပေါက်နိုင်တော့တဲ့ ဗမာ့အာဇာနည်များ
(မေးမှ တဆင့် ရသည့် အာဇာနည်များအကြောင်းကို အာဇာနည်နေ့မှာ အမှတ်တရ တင်ထားပါသည်။)
မြေပြင် ပေါ်သို့ တိတ်တိတ်ကလေး ဆင်းသက်နေကြတဲ့ မိုးဖွဲလေးများ
ဟတတ ပြတင်းပေါက်ကလေးကနေ တိတ်တိတ်ကလေး ၀င်လာတဲ့ လေနုအေး
တိတ်တဆိတ် အခန်းကျဉ်းလေး လူတွန်သံ ခပ်အုပ်အုပ်
တိတ်တိတ်ကလေး ရေး
တိတ်တိတ်ကလေး ကြေးကွဲ
တိတ်တိတ်ကလေး ငိုနေရတဲ့...
မြည်နေတဲ့ အသံတွေ အားလုံးက ကြေကွဲတိတ်ဆိတ်လွန်းလှတယ်
အသံတိုင်းမှာ အလွမ်းဖြစ်
အလွမ်းတိုင်းမှာ စိုစွတ်မှု ရှိသလား
“ရာဇ၀င်သွန်းဖူးတဲ့ ကျေးလက်ရဲ့ ယဉ်ကျေးမှု ”
ကျွန်တော့် လုံးချင်းဝတ္ထု စာအုပ်ကို ထွက်ရှိပြီး
၆ ရက်လောက် အရောက်မှာ မြေနီကုန်းကို ရောက်ခဲ့ပါတယ်
မြေနီကုန်း မိတ်ဆွေတစ်ဦးဖြစ်တဲ့ စာဖတ်သူ ပုဂ္ဂုလ်ကြီးက ပြောပါတယ်...
“ကိုသာရဲ့ ၀တ္ထုက ရာဇ၀င်တွေ အချက်အလက် တွေ
အရမ်းကောင်းတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ကောင်မလေး
မပေးစားတာ စိတ်ထဲမှာ တစ်မျိုးကြီး ကျန်ခဲ့တယ်”
(စိတ်ထဲမှ ကြိတ်ကာ သဘောကျမိ၏။ အဲလို တစ်မျိုးကြီးမှ တစ်ယောက်တစ်လေမှ ဖြစ်ကြပါ့မလားလို့
ဒီတစ်ယောက်လောက်ဆို ရေးရကျိုးနပ်ပါပြီ။) သာရလင်း

5, 7. 2009 မှာ
ကျွန်တော့်ရဲ့ ဒုတိယမြောက် စာအုပ် ထွက်နိုင်ခဲ့ပါတယ် ။
(တတိယ မြောက်လို့လည်း ပြောလို့ရပါတယ်)
ဒီစာအုပ် လေးဟာ ကျွန်တော် ချစ်တဲ့ မန်ကျည်းတုံရွာလေးကို
ရည်ရွယ်ပါတယ်။
ကျွန်တော်ချစ်တဲ့........................
..................................................
ရည်ရွယ် ပါတယ် ။
စာပေကို ချစ်မြတ်နိုးပြီး
နီးစပ်ရာ သူငယ်ချင်းတွေကို ကိုယ်နဲ့ ထပ်တူ လေးစားတတ်တဲ့သူ
မှန်သမျှကို လက်ဆောင်ပေးချင်ပါတယ်။
စာအုပ်လက်ဆောင် ပေးဖြစ်သော စာရေးဆရာများ
၁။မောင်စိုးအောင် (ကန့်ဘလူ) ၂။ ဆူးရင့် (တန့်ဆည်) ၃။ မောင်မင်းစိုး
၎။ ဆရာကောင်း( စရဏ အယ်ဒီတာ)။ ၅။ဟဲလိုဂျာနယ် အဲဒီတာ ၆။ ၀ါဆိုကိုဦး
ရ။ စိုးမင်းအောင်။ ၈။သက်ဝင်ကြယ်။ (ကိုသက်) ၉။မောင်သာချို။ ၁၀။သွေး (စစ်ကိုင်း)
၁၁။မင်းမဟာမိုး (ဟတ် အယ်ဒီတာ) ။ ၁၂။ လူဇော်သစ်( ဒီဇိုင်းနာ)
ပင်လယ်ပြင်ကြီးကို လှမ်းကြည့်လိုက်စဉ်
အဆုံးမရှိတဲ့ မင်းရင်ဘတ် အတွင်းသားကို မြင်လိုက်ရတယ်
သံသယနဲ့ လှုပ်ခတ်နေတဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အညိုးအတေးကြီးတဲ့ လှိုင်းပြင်းခတ်သံတွေပါပဲ
ရဲရဲတောက် သွေးအစက် အစက် စို့ထင်နေတဲ့ နှုတ်ခမ်းနီနီများ
ဖျတ်ဖျတ်လူး လွင့်စင် အံကျလာတဲ့ စကားလုံး အံဖတ်များ
ရေဆာတယ်
ရိုးသားချင်ယောင် ဆောင်ရတာလည်း မောလှပါပြီ။
ဒီမှာ မိဌေးရဲ့
ငါတို့ သက်ရှိမျိုးနွယ်တွေ အကုန်လုံးက
ငြိမ်းချမ်းခြင်း သုခဘုံကိုပဲ ရောက်ချင်နေကြတာ
ငြင်းခုံမှု ကင်းဝေးရာဆီ ရောက်ဖို့ တွားသွားနေကြတာ သိရဲ့လား
မင်းစိတ်က ဓမ္မရိပ်မှာ ငြိမ်းချမ်းနေပြီ ဆိုလည်း
ငြိမ်းချမ်းပါတယ်လို့ ငြင်းမနေပါနဲ့
ငြိမ့်ငြိမ့်လေးသာ နေလိုက်ပါ
ဝါ ဂွမ်းထဲ ဆီလောင်းထည့်လိုက်သလို
အိဖိမ့်ပြိး ဆိမ့်လိုက်တဲ့ စိတ် အရသာ
ငြင်းခုံဖို့ တရားမရှာကြေး စာမဖတ်ကြေးသာ ဆို ဘယ်လောက်ကောင်းမလဲ
မိဌေးရေ...
မင်းကိုတော့ မပြောလိုပါဘူး
ငါကတော့ သံသယ ကမ္ဘထဲမှာ
လည်နေရဦးမှာ သေချာတယ်။
ပြတင်းပေါက်ကလေးက ဟတတ ပွင့်လို့
အုံဆိုင်း မှောင်မိုက်နေတဲ့ မိုးသားများအတွင်း
အဆုံးမရှိတဲ့ အလွမ်းများကို မြင်တွေ့လိုက်ရတယ်
အလွမ်းပင်လယ်မှာ အခိုးအငွေ့တွေ တလူလူ
အသံနက်ကြီးဖြင့် ရွာသွန်းနေတဲ့ မိုးပေါက်များက
ပိတ်ထားတဲ့ တံခါးပေါက်တွေ ကြားကနေ အတင်းတိုးဝင်
မလာကြနဲ့။
အခုမှတော့ မလာကြနဲ့။
မထူးတော့ဘူး လွမ်းလက်စနဲ့ ဆက်လွမ်းမယ်
စာအုပ်ကလေးတွေက တစ်ပုံ
ငါက တစ်ကောင်
အလွမ်းတွင်းနက်ထဲ ပိတ်လှောင်ခံနေရ
အပြင်မှာ မိုးရွာနေတယ် ညီမလေးနဲ့ အတူတူ အိပ်နေရရင် ဘယ်လောက်ကောင်းမလဲ
အဲဒီ စိတ်ကူးယဉ် လှလှလေးက စိတ်ထဲကို အတင်းတိုးဝင်နေလေရဲ့ .........။
သင်သာ အကောင်းဆုံး ဖြစ်ပါစေ
>
> ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။
>
> သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။
>
> သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။
>
> ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။
>
> အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။
>
> ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။
>
> ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။
>
> အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။
>
> သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။
>
> သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။
>
> အကြီးအသေး အရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊ သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကို လိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲ ဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိက ပါပဲ။
>
> ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။
>
> ဒါကြောင့် ကျမတို့ ဘ၀မှာ ပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါ အချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။
>
> သူတပါးကို မတုပနှင့်
>
> ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာ
>
> အရှိကို အရှိအတိုင်းကြိုးစားပါ။ (in bhikhu.com )
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်
ခင်ဗျားတို့ပဲ ကဗျာဆရာလုပ်ကြ
ခင်ဗျားတို့ပဲ စာရေးဆရာလုပ်ကြ
ခင်ဗျားတို့ပဲ နာမည်ကြီးကြ
ခင်ဗျားတို့ပဲ ကြယ်တောက်တမ်း ကစားကြ
ခင်ဗျားတို့ပဲ TV စခရင်တွေပေါ်ကနေ ကျေးဇူးတင်စကားပြောကြ
မျက်လုံးပြူးပေမဲ့ ကမ္ဘာကြီးကို စောင့်ကြည့်ဖို့
ဂျာနယ်လေး တစ်စောင် တလေတောင်
ကျွန်တော့်မှာ ပုံမှန် ၀ယ်မဖတ်နိုင်ခဲ့
ဒီမသာ ဒီလိုနဲ့ သေရမှာပါ
ဘာထူးဦးမှာလဲ
ခင်ဗျားတို့ပဲ ပညာသင်သွားကြ
ခင်ဗျားတို့ပဲ ရှော့ပင်းထွက်ကြ
ခင်ဗျားတို့ပဲ မင်္ဂလာဆောင်ကြ
ခင်ဗျားတို့ပဲ သတင်းစာမှာ ကြော်ငြာကြ
ခင်ဗျားတို့ပဲ အင်တာနက်သုံးကြ
ခင်ဗျားတို့ပဲ ဘောလုံးကန်ကြ
ခင်ဗျားတို့ပဲ စာချုပ်စာတမ်းတွေ လုပ်ကြ
ခင်ဗျားတို့ပဲ အင်တာဗျူးတွေ ခဏခဏ လုပ်ကြ။
ကမ္ဘာဟာ ရွာဖြစ်လာပြီ...ပြောကြပေမဲ့
တစ်ယောက်စာ နေရာကလေးတောင်
ကျွန်တော့်အတွက် ပိုပို ကျဉ်းလာရတယ်
ဒီမသာ ဒီလိုပဲ နေရဦးမှာပါ
ဘာထူးဦးမှာလဲ
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်။
၂၁.၆.၀၉ နေ့ရေးသည်။ သာရလင်း
ကျွန်တော် ဖွင့်ခဲ့တဲ့
ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်လေးပါ
တကယ့်ကို ကိုယ့်အားကိုယ်ကိုးခဲ့ရတယ်။
ဘယ်သူ့အကူအညီမှ မပါဘုး။
ဒါပေမယ့် ပီးတဲ့ အခါကျတော့
ပြန်ဆက်က ငနဲက
သတင်းလာယူတယ်။
စာအုပ်ပေါက်စနလေးတွေ ၃ အုပ် လှူပီး သူဖွင့်တဲ့
စာကြည့်တိုက်လိုလိုလုပ်တယ်။
၂၀၀၅။ ဧပရယ် ၃၀ မှာ သာရလင်း ကိုယ်တိုင် ဖွင့်ခဲ့တာပါ ။
နာမည်ကတော့ သူများတွေလို ဆန်းဆန်းပြားပြား လုပ်မနေတော့ပါဘူး။ (ဥပမာ ..ဘ၀ဘဏ်တို့၊ အလင်းရောင်တို့လိုပေါ့)
ရိုးရိုးလေးပါပဲ ““ရွှေပညာ စာကြည့်တိုက်”” လို့ပဲ ပေးခဲ့တယ်။
အောင်ဆန်းတဲ့ စုကြည်
အောင်ဆန်းဆို ဗိုလ်ချုပ်သမီး
ကြီးမြတ်ဂုဏ်ရည် ။
အာဇာနည်
မြန်ပြည်ရဲ့ ချစ်သမီး။
ယနေ့အရေးမှာဖြင့်
ဖအေ့သွေးပီပီမို့
ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့
မြန်မာပြည် ဒေါင်းတောင် နိမိတ်တွေနဲ့
ကျောင်းခေါင်ရိပ် အနီးမှာလ
ကောင်းအောင် ဟိတ်ကြီးပါဘိ
ခေါင်ဆောင်ထိပ်သီး။
တင်မိုး
၁၁။ ၁၂။ ၈၈
ခေါင်းဆောင်ထိပ်သီး
မာမီစုကို
အလေးပြုပါတယ်။
တို့ ပြည် တို့မြေ ဘယ်နေ့မှာများ
ခေါင်းဆောင်အစစ်နဲ့ နေခွင့်ရမလဲ
မျှော်လင့် မိတဲ့ နေရက်တွေလည်း
လေပေါ်မှာ လွင့်လွင့် ပျံသွားကြ
နင်တို့ အတ္တတွေက ငွေသားစိတ်တွေလို စူးရှလွန်းရဲ့
ကိုက်စရာ ရှိတုန်း ၀အောင်ကိုက်ထားကြပေါ့
တစ်နေ့နေ့တော့ အမှန်တရားက
နင်တို့ကို နိုင်အောင် ဂလိန့်ပေါက်ပြပါလိမ့်မယ်။

