နင်ဟာ နင်လို
အလှတရားဟာ အလှတရားလို
ပန်းကလေးတစ်ပွင့်ဟာ ပန်းကလေးတစ်ပွင့်လို
လှပနေစေချင်တယ်
ခြွေနမ်းဖို့ မစဉ်းစားရဲဘူး။
မြစ်တစ်စင်းဟာ မြစ်တစ်စင်းလှို
တောင်တန်းဟာ တောင်တန်းလို
ကောက်ကွေ့နေစေချင်တယ်
သုံးဖို့ စားဖို့ စဉ်းစားရင်း အလှတရားတွေ ပျက်သွားခဲ့ရင်
ယောကျာ်းဟာ ယောကျာ်းလို
မာယာတွေကို အစွမ်းကုန် ဇက်ကြိုးထိမ်းသင့်တယ်။
အသံတွေရှိတဲ့ နေရာမှာ ငါ့နားရွက်တွေ မပျော်မွေ့နိုင်ခဲ့တဲ့
နေ့တွေ ရက်တွေ
မင်းငြင်းပယ်တဲ့ အသံဟာ နှင်းဆီနီနှစ်လွှာရဲ့ ရိုက်ခတ်သံလို
လှပတဲ့ အရသာကို ငါ တွေ့ရှိခဲ့တယ်။