On Monday, January 3, 2011 1 ဝေဖန်ချက်

ကဗျာ အသစ် မရေးနိုင်ဘူး
ဝေဒနာ မလတ်မဆတ်
happy new year ( ၂၀၁၁) အရောက်မှာ
အသက်နည်းနည်း ထပ်ပြီးကြီးလာတာကို
အသစ်အသက်/အသက်အသစ် ပေါ်ထွန်းဖြစ်ပေါ်လာခြင်းလို့ ဆိုချင်သလား / ဆိုမလား
ပေသီးခေါက်နေတဲ့ ဦးခေါင်း
ဘန်ကောက်မြို့လည်း ငါနဲ့အတူ လေတယ်။
အသစ်အလုပ်/အလုပ်အသစ် တစ်ခုပြီးတစ်ခု လိုက်ရှာရင်း
မြို့နယ်တွေလည်း ငါနဲ့အတူ ကားမူးနေကြပြီလား
မောင်း လျောက်..လား/မူးပြီ..လား
အတိအကျ အကြောင်းကြားစာ ရောက်မလာသေးတဲ့
ငါနဲ့ ညီမလေးရဲ့ ရှေ့အရေး...
အသစ်/အသစ်တွေ အကြောင်း တွေးလိုက်တိုင်း
အဟောင်း /အဟောင်းတွေကိုပဲ သတိရတယ်။